ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် မူဆယ်မြို့မြင်ကွင်း (ဓာတ်ပုံ)
ခွန်ဇော်ဦး
·
May 16, 2018
မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမြို့တမြို့ ဖြစ်တဲ့ မူဆယ်မြို့ပြင်က ပန်ခမ်းတံတားမှာရှိတဲ့ နမ့်ခမ်းမြို့မပြည်သူ့စစ်(ဌာနေ)စခန်း၊ ရဲတပ်ဖွဲ့စခန်းနဲ့ လောင်းကစားရုံကို တီအန်အယ်လ်အေ တပ်ဖွဲ့က မေလ ၁၂ ရက်မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဒီပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားပြီး လက်ရှိအချိန်ထိ မူဆယ်မြို့ပေါ်မှာတော့ လူအသွားအလာ နည်းပါးနေတဲ့အပြင် ကုန်တင်ယာဉ်နဲ့ အခြားယာဉ်တွေလည်း အသွားအလာ နည်းပါးနေပါတယ်။
တရုတ်နိုင်ငံသားတွေ မြန်မာဘက်ခြမ်းကို အဝင်နည်းပါးနေတာ တွေ့မြင်ရပြီး မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်ရေးလည်း ထိခိုက်မှုရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ပိုင်းကလည်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာရှိခဲ့ပါတယ်။