ငြိမ်းချမ်းရေးအတွက်ဆန္ဒပြမှုဖြင့် တရားစွဲခံရသည့်အမှုပေါင်း တလအတွင်း ၁၃ မှုရှိပြီ

2.5K
မြန်မာပြည်တွင်း စစ်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးရဖို့အတွက် ဆန္ဒပြတာကြောင့် မေလအတွင်းမှာ တရားစွဲဆိုခံထားရတဲ့အမှုပေါင်း ၁၃ မှု ရှိနေပြီဖြစ်ပါတယ်။
ငြိမ်းချမ်းရေးလှုပ်ရှားမှုတောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး မေလအတွင်းမှာတင် တရားစွဲ ဆိုမှုပေါင်း ၁၃ မှု ရှိနေပြီး တက်ကြွလှုပ်ရှားသူ ၄၂ ဦး တရားရင်ဆိုင်နေရတယ်လို့ အသံ (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့)က အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက ပြောပါတယ်။
အဲ့ဒီအမှုတွေကတော့ ရန်ကုန်တိုင်းဒေသကြီးမှာ ၇ မှု၊ မန္တလေးတိုင်းဒေသကြီးမှာ ၃မှု၊ ကချင်ပြည်နယ်မှာ ၂မှု၊ ပဲခူးတိုင်းမှာ ၁ မှုတို့ဖြစ်ပါတယ်။
တရားစွဲဆိုထားတဲ့အမှု ၁၃ မှုမှာ ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉၊ ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀တို့ အပြင် အသရေဖျက်မှု ပုဒ်မ ၅၀၀ တို့လည်းပါဝင်ပါတယ်။