DVB Logo
Home
မြန်မာသတင်း
လယ်သိမ်းခံရမှုသတင်းမှတ်တမ်း ရိုက်ကူးသည့် ဒါရိုက်တာဝိုင်းအဖွဲ့ကို ခံဝန်လက်မှတ်ထိုးခိုင်း
DVB
·
June 22, 2012
လယ်သိမ်းခံရမှုသတင်းမှတ်တမ်း ရိုက်ကူးသည့် ဒါရိုက်တာဝိုင်းအဖွဲ့ကို ခံဝန်လက်မှတ်ထိုးခိုင်း
1 / 2
Donate to DVB

ပြင်ဦးလွင်မှာ လယ်သိမ်းခံရမှုနဲ့ ပက်သက်ပြီး လယ်သမားတွေရဲ့ အတွေ့အကြုံတွေကို မှတ်တမ်းတင် ဇာတ်လမ်းတို ရိုက်ကူးတဲ့ ဒါရိုက်တာ ၀ိုင်းရဲ့အဖွဲ့ကို ဒေသခံအာဏာပိုင်တွေက ခံဝန်လက်မှတ် ထိုးခိုင်းခဲ့ပါတယ်။

ဇွန် ၁ ရက်နေ့က ပြင်ဦးလွင်ဘက်မှာ လယ်သိမ်းခံရသူတွေနဲ့ အာဏာပိုင်တွေရဲ့ တွေ့ဆုံပွဲကို သွားရောက် မှတ်တမ်းတင်တဲ့ ဒါရိုက်တာ ၀ိုင်း ရဲ့ ဗီဒီယို ရိုက်ကူးသူကို ခေါ်ယူစစ်ဆေးပြီး ဗွီဒီယို အရုပ် မှတ်တမ်းတွေလည်း ဖျက်ဆီးခံခဲ့ရတယ်လို့ ဒါရိုက်တာဝိုင်းက ပြောပါတယ်။

“လယ်သမားတွေနဲ့ သစ်တောမြေယာတို့၊ ဥပဒေမြေယာရှင်တွေ ပါတဲ့ ဆွေးနွေးပွဲ။ မနက်ပိုင်းမှာ တောင်ယာလုပ်တဲ့ တယောက်ကနေ အစ်ကို့ကို ရိုက်ဖို့ လာပြောတယ်။ မအားတော့ အစ်ကို ကင်မရာသမားတယောက်ကို ထည့်ပေးလိုက်တယ်။ ပြန်ရောက်လာတဲ့ အချိန်က ညနေ ၃ နာရီခွဲ ၄ နာရီလောက် ရှိပြီ။ သူအဖမ်းခံခဲ့ရပြီးတော့ သူ့ကို ၃ နာရီ ၄ နာရီလောက်ကြာအောင် စစ်တယ်။ ပြီးတော့ ရိုက်ထားတဲ့ အရုပ်တွေကို ဖျက်ဆီးလိုက်တယ်။ သူ့ကိုလည်း ခံဝန်လက်မှတ် ထိုးခိုင်းလိုက်တယ် ဆိုတာ သိလိုက်ရတယ်။”

အခုလို့ နှောင့်ယှက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ဥပဒေတွေဟာ တန်းတူမဖြစ်ဘူးလို့ ဒါရိုက်တာဝိုင်းက ပြောပါတယ်။

“ဒီဆွေးနွေးပွဲကို ရိုက်တာဟာ အစ်ကိုတို့က ဥပဒေဘောင်အတွင်းမှာ ရှိတယ်လို့ထင်တယ်။ နောက် သူတို့ပြောတာက ဒါ ရိုက်ခွင့်မရှိဘူးပြောတယ်။ သို့သော်ငြားလည်း ရိုက်ခွင့်မရှိဘူး စာတန်းလည်း ကပ်မထားဘူး။ ပြောမထားဘူး။ ပြီးတော့ ခံဝန်ထိုးခိုင်းတဲ့ အဓိပ္ပာယ်ကို ကိုယ်နားမလည်ဘူး။

“အဲ့တော့ မြန်မာနိုင်ငံရဲ့ ဥပဒေမှာ ၂ မျိုးကွာခြားနေတာ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်မြို့လယ် မှာ တောင်သူ လယ်သမားတွေ ရဲ့ မြေယာကိစ္စပဲ။ အိုးအိမ်ရုံးရှေ့မှာ ဦးဝင်းချို ဆန္ဒပြတယ်။ ဒါကို ရိုက်တယ်။ အဲ့တုန်းက ရိုက်တဲ့အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေလည်း ရှိတယ်။ ဘာမှ မပြောဘူး။ ကြည့်ရုံပဲကြည့် တယ်၊ ဒါဟာ ဆန္ဒပြတာနော်။ တကယ် အပြစ်ရှိတယ်ဆိုရင် ဒါမျိုးရိုက်တာမှ အပြစ်ရှိတာ။ ဟိုမှာက ဆွေးနွေးပွဲ လုပ်တာကို ရိုက်တာကို အပြစ်ရှိတယ် ဆိုတော့။ မေးချင်တာက အစ်ကိုတို့ဆီမှာပဲ ဥပဒေက ၂ မျိုးဖြစ်နေတာလားပေါ့။ ရန်ကုန်တိုင်းဒေသကြီးအတွက် ဥပဒေက တမျိုး၊ မန္တလေးတိုင်းဒေသကြီးအတွက် ဥပဒေက တမျိုး၊ အခု ရခိုင်က ဥပဒေတမျိုးလား၊ ကချင်ပြည်ဘက်က ဥပဒေတမျိုးလား၊ အဲ့ဒါဆိုရင်တော့ သွားပြီ. မြန်မာနိုင်ငံ တစစီကွဲပြီ။ ဒီလို ဥပဒေတွေ မတည်ငြိမ်လို့မရဘူး။ ဥပဒေသည် တတန်းတစားတည်း ရှိရမယ်။ သူတို့ တကယ်လို့သာ မှန်တာပြောတာ၊ မှန်တာတင်ပြတာဆိုရင် တတိုင်းပြည်လုံးကို အသိမပေးရဲစရာ၊ ပြည်သူကို အသိမပေးရဲစရာ မရှိပါဘူး။ ဒါ တခုခုမှားယွင်းနေတဲ့ စနစ်၊ မှားယွင်းနေတဲ့ လုပ်ရပ်လို့ မြင်တယ်။”

အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ ၀န်ကြီးဌာနတွေရဲ့ လုပ်ရပ်တွေနဲ့ ပြည်သူလူထုရဲ့ အဖြစ်မှန်တွေကိုသိဖို့ မီဒီယာဖွံ့ဖြိုးမှု ကဏ္ဍဟာ ဒီထက်ပိုပြီး တိုးတက်ဖို့လိုတယ်လို့ ဒါရိုက်တာဝိုင်းက ပြောဆိုလိုက်ပါတယ်။

အဲဒီ့ဖျက်ဆီးခံလိုက်ရတဲ့ အရုပ်တွေထဲမှာ ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ အိုးအိမ်ဝန်ကြီးဌာန ရုံးရှေ့မှာ လယ်သမားတချို့နဲ့ လယ်သမားအရေး ဆောင်ရွက်နေတဲ့ ဦးဝင်းချိုတို့ ဆန္ဒပြသွားခဲ့တဲ့ အရုပ်တွေလည်း ပါသွားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013