Home
မြန်မာသတင်း
မြစ်ကြီးနားမြို့တွင် မီးလောင်မှု ဖြစ်ပွား
Aung Aung Naing
·
May 15, 2018
  ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ မြို့လယ်ကုန်းရပ်ကွက်၊ နယ်မြေ ၈ မှာ မေ ၁၄ ရက်​ ည​နေ ၃ နာရီ​က ဒေါ်အာဆာမိ ပိုင်ဆိုင်တဲ့နေအိမ်မှာ တပ်ဆင်ထားတဲ့ လျှပ်စစ်ဘုတ်ခုံကနေ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ပါတယ်။ ဘေးပတ်ဝန်းကျင် နေအိမ်တွေကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး စုစုပေါင်း နေအိမ် ၃ လုံး၊ စက်ရက်ကန်းရုံ ၁ရုံတို့ မီးထဲပါသွားပြီး  ဆုံးရှုံးမှုတန်ဖိုး ခန့်မှန်းချေ ကျပ် ၈၅၅၀,၀၀၀ ဖိုးလောက်ရှိမယ်လို့ သိရပါတယ်။ မီးလောင်မှုကို  ခရိုင်မီးသတ်တပ်ဖွဲ့က သန္ဓေတပ်ဖွဲ့ဝင် ၅၀ ဦး၊ အရန်တပ်ဖွဲ့ဝင် ၂၀ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၃ စီးနဲ့ ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် အိမ်ရှင်ဖြစ်သူ ဒေါ်အာဆာမိကို နယ်မြေခံ ရဲစခန်းက အရေးယူထား တယ်လို့ သိရပါတယ်။ ဓာတ်​ပုံ - မီးသတ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024