မြေယာသိမ်းခံရပြီး ထောင်ကျနေသည့် မိခင်များလွတ်မြောက်ရေး ကလေးများဆန္ဒပြ
DVB
·
June 22, 2012

တခါက နိုင်ငံခြားခရီးသွားတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ ကမ္ဘောဒီးယားက ဘွန်ခပ် ရေကန်ကြီးမှာ အခု မြေလုပွဲ ပြဿနာတွေနဲ့ ကြုံနေရပါတယ်။ ဆောက်လုပ်ရေးကုမ္ပဏီတွေကို မြေပေးဖို့ အာဏာပိုင်တွေက ရေကန်ကြီးဘေးမှာ နေထိုင်သူတွေကို လွန်ခဲ့တဲ့ ၅ နှစ်က စပြီး မောင်းထုတ်ခဲ့တဲ့နောက် ကန့်ကွက်ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ဆန္ဒပြသူ အမျိုးသမီး ၁၅ ဦးကို ဖမ်းဆီးထားတာကြောင့် သူတို့ မိသားစုနဲ့ ကလေးတွေ ဒုက္ခရောက်နေကြရပါတယ်။ ကလေးတွေလည်း အနာဂတ်မဲ့နေတာကြောင့် နောက်ဆုံး သူတို့ မိခင်တွေလိုပဲ ဆက်ဆန္ဒပြနေတဲ့အကြောင်း ဖနွမ်းပင်မြို့မှ သတင်းထောက် ဘိုးရင်းနောင် (Borin Noun) က သတင်းပေးပို့ထားပါတယ်။