ရန်ကုန်တိုင်းအတွင်း မေ ၁၅ နှင့် ၁၇ ရက်တို့ လျှပ်စစ်မီး ပြတ်တောက်မည်
DVB
·
May 14, 2018
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၂၇ မြို့နယ်မှာ မေလ ၁၅ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်နဲ့ မြို့နယ်တွေရှိ ဓာတ်အားခွဲစက်ရုံတွေ ထိန်းသိမ်းပြုပြင်တာ၊ မိုးတွင်းကာလ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ဓာတ်ကြိုးနဲ့မလွတ်တဲ့ သစ်ပင်တွေ ခုတ်တာ၊ ဓာတ်အားကြိုးများ အသစ်လဲလှယ်တာတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ထောက်ကြန့်၊ ဥက္ကံ၊ ဒါးပိန်၊ ဗိုလ်တထောင်၊ ပုစွန်တောင်၊ ရွှေပေါက်ကံ၊ တောင်ဥက္ကလာ၊ ဒဂုံဆိပ်ကမ်း၊ သင်္ဃန်းကျွန်း၊ ရန်ကင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ တာမွေ၊ အင်းတိုင်၊ မြောင်းတကာ၊ ရွှေလင်ဗန်း၊ ထန်းတပင်၊ မြောက်ဥက္ကလာ၊ ရွှေပေါက်ကန်၊ မရမ်းကုန်း၊ လှိုင် စတဲ့မြို့နယ်တွေမှာ မေ ၁၅ ရက်နဲ့ ၁၇ ရက်နေ့ မနက် ၉ နာရီကနေ မွန်းတည့် ၁၂ နာရီအထိ ပြတ်မယ်လို့ သိရပါတယ်။