Home
မြန်မာသတင်း
မြန်မာလက်သင်္ကေတပြ ဘာသာစကား စံသတ်မှတ်ရေး ဆွေးနွေး
DVB
·
May 14, 2018
မြန်မာလက်သင်္ကေတပြ ဘာသာစကား စံသတ်မှတ်ခြင်း ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့  ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ ရန်ကုန်တိုင်း လူမှုဝန်ထမ်းဦးစီးဌာနမှူးရုံးမှာ မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ နားမကြား ကလေးတွေအတွက် မြန်မာလက်သင်္ကေတပြ ဘာသာစကား စံသတ်မှတ်ပြီး တနိုင်ငံလုံး ပြန့်ပွားအောင် အသုံးပြုနိုင်ရေးအတွက် ပြည်သူတွေ လွယ်လင့်တကူ လေ့လာနိုင်တဲ့ Website နဲ့ Mobile Application တွေ ဖန်တီးထားတာ၊ ဖေ့စ်ဘွတ်ခ် စာမျက်နှာကတဆင့် ပြည်သူလူထု ဝင်ရောက်လေ့လာနိုင်ဖို့ စီစဉ်ထားရှိဖို့ ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာလက် သင်္ကေတပြ စံဘာသာစကားအား နားမကြား ကျောင်းတွေ အားလုံး တပြေးညီ အသုံးပြုနိုင်ရေးနဲ့ အဆိုပါ ဘာသာစကားလေ့လာမှုကို ပိုမိုအသုံးပြုလာနိုင်စေရေး စတာတွေ ဆွေးနွေးခဲ့ကြတယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ - MOI
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024