ဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ ခရီးသွားလာခွင့်ကို ပိတ်ပင်ခဲ့ကြောင်း မဟာသီယာပြော

FILE PHOTO - A combination photo of Malaysia's Prime Minister Najib Razak and former Malaysian prime minister Mahathir Mohamad (R) in Kuala Lumpur, Malaysia, January 25, 2016 and March 30, 2017 (R). REUTERS/Olivia Harris REUTERS/Lai Seng Sin(R)/File Photos
မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို ခရီးသွားလာခွင့်ပိတ်ထားတာဟာ သူ့လက်ချက်ဖြစ်တယ်လို့ မေ ၁၂ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ဟာ နိုင်ငံပိုင်ရန်ပုံငွေ 1MDB က ဒေါ်လာသန်းထောင်ချီကို အလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲခံထားရသူဖြစ်ပါတယ်။ ဒါ့ပြင် မဟာသီယာ ဦးဆောင်တဲ့ အစိုးရသစ်ဟာ 1MDB ရဲ့ရန်ပုံငွေတွေ အလွဲသုံးမှုစွပ်စွဲချက်တွေကို ပြန်လည်စစ်ဆေးတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မဟာသီယာကတော့ သူ့အစိုးရဟာ 1MDB ရန်ပုံငွေတွေကို အဂတိလိုက်စားခဲ့တယ်ဆိုတဲ့ လုံလောက်တဲ့သက်သေတွေရထားပြီးဖြစ်လို့ လိုအပ်ရင် ဥပဒေအတိုင်း လုပ်သွားမယ်လို့ ပြောပါတယ်။ နာဂျစ်ဟာ နိုင်ငံအား ဘေကျင်းကို ရောင်းစားနေသူလို့ မဟာသီယာက စွပ်စွဲထားပါတယ်။ ဒါ့ပြင်  နာဂျစ်လက်ထက် ပြုလုပ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်တွေကိုလည်း ပြန်လည်သုံးသပ်မယ်လို့ ပြောထားသူပါ။ တဆက်တည်းမှာပဲ နာဂျစ်ရာဇက်က သူဟာ ညီညွတ်သော မလေးအမျိုးသားအဖွဲ့ (UNMO) ပါတီနဲ့ BN ညွန့်ပေါင်းပါတီတို့ရဲ့ ဥက္ကဋ္ဌရာထူးကနေ ချက်ချင်းနုတ်ထွက်ပြီလို့  ကြေညာလိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up