DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည် ခရီး​စဉ်နဲ့​ ​ရှေ့​အလား​အလာ
DVB
·
June 21, 2012
ဒေါ်​အောင်ဆန်း​စုကြည် ခရီး​စဉ်နဲ့​ ​ရှေ့​အလား​အလာ
Donate to DVB

အခုရက်ပိုင်း​ ရန်ကုန် ဘား​လမ်း​ အထက်ဘ​လောက်က ဂြိုလ်တုစ​လောင်း​ တပ်ဆင်​ရောင်း​ချတဲ့​ ဆိုင်​တွေကို ​ရောက်သွား​ခဲ့​ရင် ဂြိုလ်တုစ​လောင်း​ ‘receiver’​လေး​တွေကိုင်ပြီး​ ကိုယ့်​အလှည့်​ဘယ်​တော့​ ​ရောက်မလဲဆိုတာကို ​စောင့်​ဆိုင်း​နေတဲ့​ ပြည်သူ​တွေကို ​တွေ့​ကြရမှာ ဖြစ်ပါတယ်။ အ​ကြောင်း​က​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​နော်​ဝေနဲ့​ ဥ​ရောပနိုင်ငံသွား​တဲ့​ ခရီး​စဉ်​တွေကို ဒီဗွီဘီက အဆက်မပြတ် ထုတ်လွှင့်​နေပြီး​ ဒီဗွီဘီ ချန်နယ်ကလည်း​ မကြာ​သေး​ခင်ကမှ လိုင်း​အသစ် ​ပြောင်း​ထား​တဲ့​အတွက် လိုင်း​ပြန်ထည့်​ဖို့​ လာ​စောင့်​နေကြတာ ဖြစ်ပါတယ်။

အလား​တူ ပြည်တွင်း​က အပတ်စဉ်ထုတ် ပုဂ္ဂလိက ဂျာနယ်​တွေမှာလည်း​ ​ဒေါ်​အောင်ဆန်း​စုကြည် ရန်ကုန်​လေဆိပ်က ထွက်တာက​နေ အစ ဘယ်လ်ဂျီယံ၊​ ဆွစ်ဇာလန်​ရောက်တာ၊​ ​နော်​ဝေ​ရောက်တာ စတဲ့​ သတင်း​တွေကိုလည်း​ ​နေ့​စဉ် အဆက်မပြတ် ​ဖော်ပြ​ပေး​နေတာ ​တွေ့​ရပါတယ်။ ​အော်စလိုမှာ ​ဒေါ်​အောင်ဆန်း​စုကြည် နိုဘယ်လ်ဆု လက်ခံရယူတဲ့​ မိန့်​ခွန်း​ကိုဆိုရင် အင်္ဂါ​နေ့​ထုတ် ရန်ကုန်တိုင်း​မ် ဂျာနယ်၊​ ​မော်နီတာ ဂျာနယ်​တွေက​နေ အပြည့်​အစုံ ​ဖော်ပြ​ပေး​တာလည်း​ ​တွေ့​ရပါတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ပထမဦး​ဆုံး​သော ဥ​ရောပ ခရီး​စဉ်ဟာ ဘယ်လို အဓိပ္ပာယ် ရှိသလဲ။ ပြည်သူ​တွေ ဘယ်​လောက် ​မျှော်လင့်​နေလဲ၊​ လက်ရှိ အာဏာရ အစိုး​ရအဖွဲ့​က​ရော ဘယ်လို သ​ဘောထား​နေလဲ၊​ ​နောင် ဘာ​တွေဆက်ဖြစ်လာနိုင်သလဲ ဆိုတာ ခုတပတ် ​ဆွေး​နွေး​တင်ပြသွား​မှာ ဖြစ်ပါတယ်။

လက်ရှိ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​နော်​ဝေနဲ့​ ဥ​ရောပနိုင်ငံ ခရီး​စဉ်​တွေမှာ ကြိုဆိုကြပုံ​တွေဟာ သာမန်နိုင်ငံ့​ခေါင်း​ဆောင် တ​ယောက်ကိုကြိုတာထက်ပိုတဲ့​ ကြီး​ကျယ်ခန်း​နား​မှု​တွေနဲ့​ ကြိုတာ​တွေ့​ရ​ကြောင်း​ နိုင်ငံတကာ မီဒီယာ​တွေက ​ရေး​ကြပါတယ်။ ​ဒေါ်စုကို နယ်လ်ဆင်မင်ဒဲလား​၊​ မာတင်လူသာကင်း​၊​ မဟတ္တမဂန္ဒီ၊​ ဘုန်း​တော်ကြီး​ ဒက်စမွန်တူတူ စတဲ့​ ​ခေါင်း​ဆောင်​တွေကို သ​ဘောထား​သလို သ​ဘောထား​ကြိုဆိုတာ ​တွေ့​ကြရပါတယ်။ ဒါနဲ့​ ပတ်သက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ တုံ့​ပြန်ချက်က မြန်မာနိုင်ငံ ​ရှေ့​အလား​အလာအတွက် အများ​ကြီး​ကောင်း​စေမှာ ဖြစ်ပါတယ်။ ​ဒေါ်စုက ကျွန်မတို့​ ဒုက္ခ​ရောက်​နေချိန်မှာ ဒီနိုင်ငံသား​တွေက ​မေ့​မထား​ဘဲ အကူအညီ​ပေး​ခဲ့​ကြတယ်။ အား​ပေး​ ​ထောက်ခံခဲ့​တယ်။ စိတ်ဓာတ်ခွန်အား​ ​ပေး​ခဲ့​တယ်။ ဒီ​နေ့​ ကျွန်မတို့​ခံစား​နေရတဲ့​ ဒုက္ခ​တွေ မပြီး​ဆုံး​သေး​ပါဘူး​။ ဒီအတွက် ဆက်ပြီး​ အား​ပေး​ထောက်ခံပါ။ ဒီမိုက​ရေစီအ​ရေး​အတွက် ဆက်ပြီး​ အကူအညီ​ပေး​ပါလို့​ ​ပြောဆိုခဲ့​လို့​ပဲ ဖြစ်ပါတယ်။

ဒေါ်စုရဲ့​ ခရီး​စဉ်​တွေနဲ့​ ပတ်သက်ပြီး​ ပြည်တွင်း​က ပြည်သူ​တွေဟာ ဂျာနယ်​တွေက​နေတဆင့်​၊​ ဒီဗွီဘီက​နေ တဆင့်​၊​ ဂြိုလ်တုစ​လောင်း​ နိုင်ငံတကာ ရုပ်သံလိုင်း​တွေက​နေ တဆင့်​ အား​တက်သ​ရော ​စောင့်​ကြည့်​ခဲ့​ကြပါတယ်။ သူတို့​ရဲ့​ ​ခေါင်း​ဆောင်ဟာ မြန်မာနိုင်ငံ​ခေါင်း​ဆောင် အဆင့်​တင်မက ဖွံ့​ဖြိုး​တိုး​တက်တဲ့​ နိုင်ငံအသီး​သီး​က ​ခေါင်း​ဆောင်​တွေ ​လေး​စား​ရ​လောက်တဲ့​အထိ အဆင့်​အတန်း​ မြင့်​မား​တဲ့​ ​ခေါင်း​ဆောင်ဖြစ်တာကို မြင်ရတဲ့​အခါ အား​တက် ဝမ်း​မြောက်ကြပါတယ်။ ဥ​ရောပ​ရောက် မြန်မာနိုင်ငံသား​တွေကလည်း​ ​ဒေါ်စု​ရောက်ရာ ​နေရာတိုင်း​မှာ သွား​ရောက်​တွေ့​ဆုံကြတာကိုလည်း​ ဝမ်း​သာ ဝမ်း​နည်း​ ​တွေ့​ကြရပါတယ်။

ထူး​ခြား​ချက်အ​နေနဲ့​ ​ဒေါ်စုနည်း​တူ အစိုး​ရပြည်​ထောင်စုဝန်ကြီး​တချို့​လည်း​ ဥ​ရောပကို ​ရောက်​နေခြင်း​ပါ။ ဥ​ရောပ​ရောက်​နေတဲ့​ မြန်မာနိုင်ငံက ထင်ရှား​တဲ့​ စက်မှုဝန်ကြီး​ ဦး​စိုး​သိန်း​ကို ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ပတ်သက်ပြီး​ ​မေး​တဲ့​အခါ မြန်မာနိုင်ငံသား​ အမျိုး​သမီး​တ​ယောက်ကို ဥ​ရောပနိုင်ငံ​တွေက ဒီလို ခမ်း​ခမ်း​နား​နား​ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတာကို ဝမ်း​သာ​ကြောင်း​ မုဒိတာပွား​ကြောင်း​ ​ပြောပါတယ်။ အလား​တူ ဒီမိုကရက်တစ် မြန်မာ့​အသံရဲ့​ ဖိတ်ကြား​ချက်အရ ပြန်ကြား​ရေး​ ဒုဝန်ကြီး​ ဦး​စိုး​ဝင်း​နဲ့​အဖွဲ့​ ​နော်​ဝေ၊​ ဆွီဒင်၊​ ဒိန်း​မတ် ၃ နိုင်ငံ အလည်​ရောက်​နေချိန်နဲ့​လည်း​ တိုက်ဆိုင်​နေပါတယ်။ တဆက်တည်း​ပဲ အချိန်ကိုက်ဆိုသလို မြန်မာပြည်မှာ သမ္မတ ဦး​သိန်း​စိန်က ပြည်​ထောင်စုအဆင့်​ ပုဂ္ဂိုလ်​တွေကို အထူး​မိန့်​ခွန်း​တရပ် ​ပြောကြား​ပြီး​ ဒီ ​ပြောကြား​ချက်ကိုလည်း​ ရုပ်သံလိုင်း​တွေက​နေ တိုက်ရိုက် ထုတ်လွှင့်​ပြခဲ့​ပါတယ်။ ဒီ မိန့်​ခွန်း​ထဲမှာ သူတို့​ အစိုး​ရအဖွဲ့​ရဲ့​ အမျိုး​သား​ပြန်လည်စည်း​လုံး​ညီညွတ်​ရေး​ လုပ်ငန်း​တွေအ​ကြောင်း​၊​ စီး​ပွား​ရေး​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ဆိုင်ရာ အ​ကြောင်း​ ​တွေတင်မက ပြည်ပမှာ​ရောက်​နေတဲ့​ စီး​ပွား​ရေး​ပညာရှင်​တွေ၊​ လုပ်ငန်း​ဆိုင်ရာ ကျွမ်း​ကျင်သူ​တွေ၊​ စီး​ပွား​ရေး​ လုပ်ငန်း​ရှင်​တွေ သူတို့​ အစိုး​ရအဖွဲ့​နဲ့​ လာ​ရောက်ပူး​ပေါင်း​ဖို့​ လှိုက်လှိုက်လှဲလှဲ ဖိတ်​ခေါ်တဲ့​ အ​ကြောင်း​လည်း​ ပါဝင်​နေပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ဒီခရီး​စဉ်​ကြောင့်​ နိုင်ငံတကာရင်း​နှီး​မြှုပ်နှံသူ​တွေ မြန်မာပြည်ကို စိတ်ဝင်စား​လာ​အောင် ​ပြောဆိုတာကို လက်ရှိ အစိုး​ရပိုင်း​က သ​ဘောကျနှစ်ခြိုက်နိုင်​ပေမယ့်​ မြန်မာပြည်မှာ တရား​ဥပ​ဒေ စိုး​မိုး​ရေး​ ရှိဖို့​ လိုအပ်တယ် ဆိုပြီး​ ​ပြောဆိုတာမျိုး​၊​ ဒီမိုက​ရေစီ​ရေး​ ဖြစ်စဉ်​တွေ စိတ်မချရ​သေး​ပါဘူး​၊​ ဒီအတွက် ဒီမိုက​ရေစီ​ရေး​ကြိုး​ပမ်း​နေသူ​တွေကို ဆက်ပြီး​ အား​ပေး​ပါ၊​ ​ထောက်ခံပါ ဆိုတာမျိုး​တွေကို​တော့​ တချို့​သော အစိုး​ရတာဝန်ရှိသူ​တွေက​တော့​ ကြိုက်နှစ်သက်ကြမှာ မဟုတ်ပါဘူး​။ ဒါတင်မက ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ကြီး​ကျယ်မြင့်​မြတ်တဲ့​ ဂုဏ်သတင်း​ကျော်​ဇောမှုကို နဂိုက အသံ​လောက်နဲ့​ပဲ ကြား​ခဲ့​ရတဲ့​ စစ်​ခေါင်း​ဆောင်​ဟောင်း​တချို့​ အခုလို မျက်ဝါး​ထင်ထင် ​တွေ့​မြင်လိုက်ရချိန်မှာ​တော့​ တုန်လှုပ်​ချောက်ချား​မှု ရှိသူ​တွေလည်း​ ရှိကြမှာ အ​သေအချာပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီခရီး​စဉ်နဲ့​ ပတ်သက်ရင် ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ လက်ရှိမြန်မာနိုင်ငံရဲ့​ ဖြစ်​ပေါ်တိုး​တက်​ပြောင်း​လဲမှုရဲ့​ ​ကောင်း​တဲ့​ဘက်အခြမ်း​ကို မှန်မှန်ကန်ကန် မီး​မောင်း​ထိုး​ပြခဲ့​သလို လိုအပ်​နေ​သေး​တဲ့​၊​ စိတ်မချရ​သေး​တဲ့​၊​ ကျန်​နေ​သေး​တဲ့​၊​ ​နောက်ပြန်လှည့်​သွား​နိုင်​သေး​တဲ့​ အပိုင်း​တွေကိုလည်း​ မ​မေ့​မ​လျှော့​ကြဖို့​ နိုင်ငံတကာကို အသိ​ပေး​နိုင်တဲ့​ ခရီး​စဉ်လည်း​ ဖြစ်ခဲ့​ပါတယ်။ ဒီအတွက် သူ့​ရဲ့​ခရီး​စဉ်ဟာ ကျန်ရှိ​နေ​သေး​တဲ့​ မြန်မာနိုင်ငံ ဒီမိုက​ရေစီသွား​ရာ ခရီး​လမ်း​ကြောင်း​အတွက် နိုင်ငံတကာ အထူး​သဖြင့်​ ဥ​ရောပနိုင်ငံ​တွေရဲ့​ အား​ပေး​ ​ထောက်ခံမှုကို ဆက်ပြီး​ ရမြဲရ​နေဦး​မှာဖြစ်တဲ့​ အလွန်​အောင်မြင်တဲ့​ ခရီး​စဉ်ဖြစ်ပါ​ကြောင်း​ သုံး​သပ်တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013