ရခိုင်ပြည်နယ်တွင် ပြန်လည်ထူ​ထောင်​ရေး​နှင့်​ လုံခြုံ​ရေး​အစီအမံ လိုအပ်

ရခိုင်ြပည်နယ် စစ်​ေတွြမို့​ (ဓာတ်ပံု - ရိုက်တာ)
ရခိုင်ပြည်နယ်အတွင်း​ ဖြစ်ပွား​ခဲ့​တဲ့​ကိစ္စ​တွေရဲ့​ အကျိုး​ဆက်အဖြစ် ပြန်လည်ထူ​ထောင်​ရေး​နဲ့​ လုံခြုံ​ရေး​အစီအမံကို လုပ်​ပေး​ဖို့​ ပြည်​ထောင်စုအစိုး​ရမှာ အဓိကတာဝန်ရှိတယ်လို့​ ရခိုင်တိုင်း​ရင်း​သား​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ဦး​အေး​သာ​အောင်က ​ပြောပါတယ်။ ရခိုင်ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ခေါင်း​ဆောင် ဦး​အေး​သာ​အောင်ဟာ ရခိုင်ပြည်နယ်တွင်း​ ဖြစ်ပျက်ခဲ့​တာ​တွေကို ကွင်း​ဆင်း​လေ့​လာဖို့​ ဇွန် ၂၀ ရက်​နေ့​က စစ်​တွေမြို့​ကို ​ရောက်ရှိပြီး​ ဒီ​နေ့​ ​မောင်​တောမြို့​ကို သွား​ရောက်ပါတယ်။ ရခိုင်ပြည်နယ် ဘူး​သီး​တောင်နဲ့​ ​မောင်​တောမြို့​တွေမှာ တဖက် ဘင်္ဂလား​ဒေ့​ရှ်နိုင်ငံက ​ခေတ်အဆက်ဆက် ဝင်လာတဲ့​ ဘင်္ဂါလီဦး​ရေ ၈ သိန်း​လောက်ရှိ​နေပြီး​ သူတို့​တ​တွေကို ဘယ်လိုအစီအမံ​တွေနဲ့​ ​ဆောင်ရွက်မလဲ။ နိုင်ငံသား​ဥပ​ဒေအရ ဘယ်လို​ဆောင်ရွက်မလဲ ဆိုတာ​တွေဟာ ရှင်း​ရှင်း​လင်း​လင်း​ မရှိ​သေး​တာကို ​ထောက်ပြပြီး​ ဒါ​ကြောင့်​ ဒုက္ခသည်​တွေ ကိုယ်အိမ့်​ကိုယ်ရာ ပြန်​နေထိုင်နိုင်ဖို့​ခက်ခဲတယ်လို့​ သူက ​ပြောပါတယ်။ ဒီပြဿနာ​တွေကို နိုင်ငံ​တော်အစိုး​ရက ရှင်း​လင်း​ပြတ်သား​စွာ မကိုင်တွယ်ဘူး​ဆိုရင် ဒီလိုအဖြစ်ဆိုး​မျိုး​တွေ ကြုံ​တွေ့​နေရတယ်လို့​ သူက အစိုး​ရကို သတိ​ပေး​ပြောဆိုပါတယ်။ ရခိုင်ပြည်နယ်တွင်း​ ဖြစ်ပျက်ခဲ့​တာ​တွေ​ကြောင့်​ လူ ၆၀ ခန့်​သေဆုံး​ပြီး​ ၅၀ ​ကျော် ဒဏ်ရာရခဲ့​ပြီး​ဖြစ်ပြီး​ ​ထောင်​ပေါင်း​များ​စွာ ကယ်ဆယ်​ရေး​ စခန်း​တွေမှာ ခိုလှုံ​နေကြရပါတယ်။ ဘုန်း​ကြီး​ကျောင်း​၊​ ဗလီနဲ့​ စာသင်​ကျောင်း​တွေအပါအဝင် အိမ်​ခြေ​ထောင်ချီပြီး​ မီး​ရှို့​ဖျက်ဆီး​ခံရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up