A d v e r t i s e m e n t With Us

နိုင်ငံခြား​ရင်း​နှီး​မြှုပ်နှံမှုဆိုင်ရာ နိုင်ငံတကာညီလာခံ ရန်ကုန်တွင် ကျင်း​ပ

မြန်မာနိုင်ငံရဲ့​ ရင်း​နှီး​မြှုပ်နှံမှုဆိုင်ရာ ထိပ်သီး​ညီလာခံတခုကို ရန်ကုန်မြို့​ ပတ်ခ်ရွယ်ရယ် ဟိုတယ်မှာ ၂ ရက်ကြာ ကျင်း​ပရာမှာ နိုင်ငံ​ပေါင်း​ ၂၀ ​ကျော်က စီး​ပွား​ရေး​သမား​ ၃၀၀ ​ကျော် တက်​ရောက်ခဲ့​ကြပါတယ်။ ဒီညီလာခံကို စင်ကာပူအ​ခြေစိုက် စီမံခန့်​ခွဲမှုနည်း​ပညာဌာန (စီအမ်တီ)ရဲ့​ အစီအစဉ်နဲ့​ ဇွန် ၂၀ နဲ့​ ၂၁ ရက်​တွေမှာ ကျင်း​ပ​နေတာဖြစ်ပြီး​ အ​မေရိကန်၊​ ယူ​ကေ၊​ က​နေဒါ၊​ ပြင်သစ်၊​ ဩစ​တြေး​လျ၊​ စင်ကာပူ၊​ မ​လေး​ရှား​၊​ အင်ဒိုနီး​ရှား​၊​ ဘင်္ဂလား​ဒေ့​ရှ်၊​ အိန္ဒိယ စတဲ့​ နိုင်ငံ​တွေက ကုမ္ပဏီ ၂၀ ​ကျော် တက်​ရောက်​ဆွေး​နွေး​ကြပါတယ်။ ​ဆွေး​နွေး​ပွဲမှာ မြန်မာ့​စီး​ပွား​ရေး​လ အဓိကကဏ္ဍ​တွေဖြစ်တဲ့​ ​ရေနံနဲ့​သဘာဝဓာတ်​ငွေ့​ လုပ်ငန်း​၊​ သတ္တုတူး​ဖော်​ရေး​လုပ်ငန်း​၊​ ဟိုတယ်နဲ့​ခရီး​သွား​ လုပ်ငန်း​၊​ သစ်​တော၊​ စိုက်ပျိုး​ရေး​၊​ ​မွေး​မြူ​ရေး​နဲ့​ ​ရေလုပ်ငန်း​စတဲ့​ ကဏ္ဍ​တွေမှာ ရင်း​နှီး​မြှုပ်နှံမှု အခွင့်​အလမ်း​တွေ ကိစ္စနဲ့​ပတ်သက်ပြီး​ မြန်မာအစိုး​ရ ထိပ်တန်း​ တာဝန်ရှိသူ​တွေနဲ့​ နိုင်ငံခြား​ကုမ္ပဏီ အကြီး​အကဲ​တွေ တက်​ရောက် ​ဆွေး​နွေး​ကြပါတယ်။ အမျိုး​သား​စီမံကိန်း​နဲ့​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​တိုး​တက်မှု ဝန်ကြီး​ဌာန ဒု-ဝန်ကြီး​ ​ဒေါက်တာကံ​ဇော်က​တော့​ မြန်မာနိုင်ငံဟာ အာဆီယံ စီး​ပွား​ရေး​ အသိုင်း​အဝန်း​က​နေ တဆင့်​ တခုတည်း​သော အာဆီယံ ​ဈေး​ကွက်ဆီကို စီး​ပွား​ရေး​ဆိုင်ရာ အစပျိုး​လုပ်​ဆောင်မှု​တွေ လုပ်​ဆောင်ပြီး​ ​ခြေလှမ်း​နေပြီလို့​ ညီလာခံမှာ ​ပြောပါတယ်။ အစည်း​အ​ဝေး​ တက်လာတဲ့​ နိုင်ငံခြား​ စီး​ပွား​ရေး​သမား​တွေက​တော့​ ခုချိန်ဟာ ရင်း​နှီး​မြှုပ်နှံသူ​တွေအတွက် မြန်မာနိုင်ငံမှာ စီး​ပွား​ရေး​လုပ်ဖို့​ အခွင့်​ကောင်း​ဖြစ်ပြီး​ ရင်း​နှီး​မြှုပ်နှံမှု​တွေကို အမြန်ဆုံး​စသင့်​တယ်လို့​ ​ပြောကြား​ခဲ့​ကြပါတယ်။ ဒီအစည်း​အ​ဝေး​မှာ လာမယ့်​ ဇူလိုင်လဆန်း​ကျရင် ကျင်း​ပမယ့်​ လွှတ်​တော် အစည်း​အ​ဝေး​တွေမှာ ​ဆွေး​နွေး​ပြင်ဆင်​ရေး​ဆွဲပြဌာန်း​ဖို့​ ရှိ​နေတဲ့​ မြန်မာနိုင်ငံရဲ့​ ရင်း​နှီး​မြှုပ်နှံမှု ဥပ​ဒေသစ်နဲ့​ ပတ်သက်ပြီး​လည်း​ ​ဆွေး​နွေး​ပြောဆိုမှု​တွေ ပြုလုပ်သွား​ခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up