Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအတွက် လူထုလှုပ်ရှားမှု ချီတက်ပွဲ ဖြိုခွင်းခံရ
ကျော်ဇေယျာဝင်း
·
May 13, 2018
  ရန်ကုန်အခြေစိုက် တက်ကြွလှုပ်ရှားသူများ၊ လူငယ်အဖွဲ့များနဲ့ အရပ်ဘက် အဖွဲ့အစည်း​တွေ ပူးပေါင်းပြုလုပ်​တဲ့ "ငြိမ်းချမ်းရေးအတွက် လူထုလှုပ်ရှားမှု" ခေါင်းစဉ်နဲ့ ငြိမ်းချမ်းရေး ချီတက်ပွဲတရပ်ကို မေလ ၁၂ ရက် ညနေ ၅ နာရီက စတင်​ပြုလုပ်​ခဲ့ပါတယ်​။ အဲ့ဒီလှုပ်​ရှားမှုကို တာမွေမြို့နယ်၊ အိုးရှန်းစင်တာအရှေ့မှာ စတင်​ချိန်​မှာ ရဲတပ်​ဖွဲ့ဝင် ​တွေက တားဆီးခဲ့ပါတယ်​။ အဲ့ဒီ​နောက်​ စစ်​ပွဲများချက်​ချင်းရပ်​၊ စစ်ပွဲများချုပ်ငြိမ်းရေး တွေ့ဆုံဆွေးနွေး အဖြေရှာပေး စတဲ့​ကြွေး​ကြော်​သံများရွတ်​ဆိုကာ ငြိမ်းချမ်း​ရေးသီချင်း​တွေသီဆိုပြီး​နောက်​မှာ ရဲတပ်​ဖွဲ့ဝင်​​တွေက ဝင်​​ရောက်​နှိမ်းနင်းခဲ့တာပါ။ ရဲတပ်​ဖွဲ့ဝင်​​တွေ လူစုခွဲနှိမ်​နှင်းရာမှာ ကို​ဇေယျာလွင်​၊ ကိုတင်​ထွဋ်​ပိုင်​၊ ကိုဖိုးစိုး၊ မခင်​စန္ဒာတို့ အပါအဝင်​ ၉ ဦး​လောက်​ ဖမ်းဆီးခဲ့ပါတယ်​။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024