DVB Logo
Home
မြန်မာသတင်း
ကေအိုင်အိုနှင့်​ အစိုးရတပ် တိုက်ပွဲဆက်ဖြစ်
DVB
·
June 21, 2012
ကေအိုင်အိုနှင့်​ အစိုးရတပ် တိုက်ပွဲဆက်ဖြစ်
Donate to DVB

[caption id="attachment_26940" align="alignleft" width="300" caption="​ကေအိုင်​အေ ရဲ​ဘော်တဦး​ (Photoး​Ryan Libre / DAA)"][/caption]

ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ ဆက်လုပ်နိုင်ဖို့​ ​ကေအိုင်အို ကချင်လွတ်​မြောက်​ရေး​ အဖွဲ့​နဲ့​ အစိုး​ရငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်​တွေ အလွတ်သ​ဘော ​တွေ့​ဆုံခဲ့​ပြီး​နောက် တိုက်ပွဲ​တွေ ဆက်လက်ဖြစ်ပွား​နေပါတယ်။

ကချင်လွတ်လပ်​ရေး​အဖွဲ့​ (​ကေအိုင်အို) နဲ့​ အစိုး​ရ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်မှု လုပ်ငန်း​ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦး​အောင်မင်း​ ဦး​ဆောင်တဲ့​အဖွဲ့​ တရုတ်-မြန်မာ နယ်စပ် မိုင်ဂျာယန်မှာ ဇွန် ၁၉ ရက်နဲ့​ ၂၀ ရက်​တွေမှာ ဆက်တိုက် ​ဆွေး​နွေး​ကြတယ်လို့​ ​ကေအိုင်အို ​ပြောခွင့်​ရ ဦး​လနန်း​က ​ပြောပါတယ်။

ဆွေး​နွေး​ပွဲနဲ့​ ပတ်သက်လို့​ အ​သေး​စိတ်ထုတ်ပြန်ဖို့​ မရှိ​သေး​ဘူး​လို့​ ဦး​လနန်း​က ​ပြောပါတယ်။

အပစ်အခတ်ရပ်စဲ​ရေး​၊​ ငြိမ်း​ချမ်း​ရေး​တွေ ရရှိဖို့​အတွက် ဗိုလ်မှူး​ကြီး​ သန်း​အောင် ဦး​ဆောင်တဲ့​ ကချင်ပြည်နယ်အစိုး​ရနဲ့​ ၂ ကြိမ်၊​ ဝန်ကြီး​ ဦး​အောင်​သောင်း​ ဦး​ဆောင်တဲ့​ အစိုး​ရငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်နဲ့​ ၃ ကြိမ် တရား​ဝင် ​တွေ့​ဆုံခဲ့​ပြီး​ ရထား​ဝန်ကြီး​ ဦး​အောင်မင်း​ ဦး​ဆောင်တဲ့​အဖွဲ့​နဲ့​တော့​ အလွတ်သ​ဘော ၄ ကြိမ် ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​တာပါ။

တရား​ဝင်​ဆွေး​နွေး​ပွဲ​တွေ ဘယ်​တော့​လုပ်ဖြစ်မယ် ဆိုတာ​တော့​ မသိနိုင်​သေး​ဘဲ အစိုး​ရကိုယ်စား​လှယ် ဦး​အောင်​သောင်း​နဲ့​ ​ဆွေး​နွေး​စဉ်က အပစ်အခတ်ရပ်စဲဖို့​ ကိစ္စကို ဦး​တည်​ပြောသလို ​ကေအိုင်အိုဘက်က​တော့​ ၁၉၉၄ ခုနှစ် ကတည်း​က အပစ်ရပ်ပြီး​ပြီဖြစ်လို့​ နိုင်ငံ​ရေး​ဆွေး​နွေး​ဖို့​ တင်ပြ​ဆွေး​နွေး​ပြီး​ အ​ဖြေ​ရေ​ရေရာရာ မရှိဖြစ်ခဲ့​တာပါ။

ဦး​အောင်မင်း​ဟာ ကရင်၊​ ကရင်နီ၊​ ရှမ်း​နဲ့​ မွန်စတဲ့​ လက်နက်ကိုင် တိုင်း​ရင်း​သား​အဖွဲ့​တွေ အ​တော်များ​များ​ကို အပစ်အခတ်ရပ်စဲ​ရေး​ လက်မှတ်​ရေး​ထိုး​နိုင်ခဲ့​သူ ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲ​ရေး​ လက်မှတ်​တွေ ထိုး​နိုင်​ပေမယ့်​လည်း​ ရှမ်း​ပြည်တပ်မ​တော်နဲ့​ အစိုး​ရတပ်​တွေအကြား​ အပစ်ရပ်ပြီး​ကာမှ တိုက်ပွဲ​တွေ ပြန်ဖြစ်​နေပါတယ်။

ဒီတိုက်ပွဲ​တွေနဲ့​ပတ်သက်လို့​ ဦး​လနန်း​က အပစ်ရပ်စဲ​ရေး​မှာ ခိုင်မာဖို့​ နိုင်ငံတကာ ​စောင့်​ကြည့်​ရေး​အဖွဲ့​ရှေ့​မှာ လက်မှတ်ထိုး​သင့်​တယ်လို့​ ​ပြောပါတယ်။

“သ​ဘောတူညီချက်တခု ရဖို့​အတွက်​တော့​ အဓိက ပထမဦး​စား​ပေး​အ​နေနဲ့​ သူတို့​ရဲ့​ လက်နက်ကိုင်တပ်ဖွဲ့​တွေအား​လုံး​ အရင် ရုပ်သိမ်း​ရမယ်။ ဒုတိယအဆင့်​က​တော့​ သ​ဘောတူညီချက် တခုလုပ်တဲ့​အခါမှာ နိုင်ငံတကာက​နေပြီး​တော့​ သက်​သေအများ​ကြီး​ ပါရမယ်။ ခိုင်ခိုင်လုံလုံဖြစ်ရမယ်။ ဒီပြဿနာ​တွေ၊​ ဒီတိုက်ခိုက်မှု​တွေက အခုမှ ​ပေါ်လာတဲ့​တိုက်ခိုက်မှု​တွေ မဟုတ်ဘူး​။ ဒါ​တွေက ရာစုနှစ်တဝက်​ကျော် တိုက်ခိုက်မှု​တွေ ဖြစ်တဲ့​အတွက်​ကြောင့်​ ဒီကိစ္စမှာ ခိုင်ခိုင်မာမာ ဖြစ်ဖို့​က​တော့​ နိုင်ငံတကာ ​စောင့်​ကြည့်​ရေး​အဖွဲ့​တွေ ပါကို ပါရမယ်ခင်ဗျ။ မပါသ​ရွေ့​က​တော့​ အပစ်ခတ်ရပ်စဲ​ရေး​ လုပ်တာပဲ ဖြစ်ဖြစ်၊​ လက်မှတ်​ရေး​ထိုး​တာပဲ ဖြစ်ဖြစ် ဘာမှ ခိုင်မှာမှု ရှိမှာ မဟုတ်ဘူး​ခင်ဗျ။”

ကေအိုင်အိုနဲ့​ အစိုး​ရဝန်ကြီး​ ​တွေ့​ဆုံညှိနှိုင်း​နေတဲ့​အချိန် တဘက်မှာလည်း​ ​နေ့​စဉ် တိုက်ပွဲဖြစ်​နေသလို ဇွန် ၂၀ ရက်​နေ့​ တရက်တည်း​တင် ​ကေအိုင်​အေ တပ်မဟာ ၁၊​ ၂ နဲ့​ ၅ ​တွေမှာ တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွား​ခဲ့​တယ်။

ကေအိုင်​အေ တပ်မဟာ ၄ က တရုတ်နယ်စပ် ကြူကုတ်မြို့​နယ် ပန်ဆိုင်း​ရဲစခန်း​ကို ဇွန် ၁၇ ရက်​နေ့​က ဝင်ပစ်ခတ်ခဲ့​ကြောင်း​နဲ့​ နယ်​မြေခံရဲ​တွေက မူး​ယစ်​ဆေး​ဝါး​ရောင်း​ဝယ်မှုကို လျစ်လျူရှုထား​တာ၊​ လာဘ်​ပေး​လာဘ်ယူမှု​တွေ ရှိ​နေတာ​ကြောင့်​ ဖြစ်တယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။

နယ်ခြား​စောင့်​တပ်လက်မခံတဲ့​ ​ကေအိုင်​အေနဲ့​ အစိုး​ရတပ်ကြား​ တိုက်ပွဲ​တွေ ဖြစ်ပွား​ခဲ့​တာ ဒီလ ၁၉ ရက်​နေ့​က ၁ နှစ်တင်း​တင်း​ပြည့်​ခဲ့​ပါပြီ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013