မွန်တိုင်းရင်းသားကိုယ်စားပြုပါတီဖွဲ့နိုင်ရေး မွန်နိုင်ငံရေး ညီလာခံကျင်းပ

  မွန်တိုင်းရင်းသားတရပ်လုံးကို ကိုယ်စားပြုပါတီဖွဲ့စည်းနိုင်ဖို့ ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ဆွေးနွေးအတည်ပြုမယ့် ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာ ၂၅၀၀ ဗိမာန်မှာ ကျင်းပနေပါတယ်။ မေ ၁၂ ရက်နေ့က ၁၄ ရက်နေ့အထိ ၃ ရက်တာ ကျင်းပသွားမှာဖြစ်ပြီး မွန်သံဃာတော်တွေ၊ မွန်တိုင်းရင်းသားကိုယ်စားလှယ် ၆၀၀ ဝန်းကျင်က ဆွေးနွေးအတည်ပြုသွားမှာဖြစ်ပါတယ်။ အခုကျင်းပနေတဲ့ ဒုတိယအကြိမ် ညီလာခံမှ ပါတီဖွဲ့စည်းပုံ အခြေခံစဉ်းမျဉ်းကို အတည်ပြုပြီး ပါတီပေါ်ပေါက်လာရေးအတွက် ဆက်လက် အကောင်ထည်ဖော်ရဦးမှာဖြစ်ပါတယ်။ ပထမအကြိမ် မွန်နိုင်ငံရေး ညီလာခံကိုတော့ အခုနှစ်စောပိုင်း ဇန်နဝါရီလက ကျင်းပခဲ့ပြီး အဆိုပါ ညီလာခံကနေ နောက် ၆ လအတွင်း မွန်အမျိုးသား ကိုယ်စားပြုပါတီ ပေါ်ပေါက်လာဖို့အတွက် အတည်ပြုဆွေးနွေးထားခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ မွန်တိုင်းရင်းကိုယ်စားပြုပါတီတွေကတော့ ရှိနေပြီးသား ပါတီတွေဖြစ်တဲ့ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ နဲ့ အမျိုးသမီးပါတီ (မွန်) ဆိုပြီး ပါတီ ၃ ခုရှိနေပြီးသား ဖြစ်ပါတယ်။ အခုညီလာခံရဲ့ ဆုံးဖြတ်ချက်တွေအရ မွန်တိုင်းရင်းသားကိုယ်စားပြုပါတီ ထပ်မံ ပေါ်ပေါက်လာပါက မွန်တိုင်းရင်သားအခြေပြုပါတီ ၄ ပါတီ ဖြစ်လာဖို့ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up