DVB Logo
Home
မြန်မာသတင်း
ရခိုင်အကြမ်းဖက်မှုအတွင်း ပျောက်ဆုံးသူ ကြက်ခြေနီက ကူညီရှာဖွေပေး
DVB
·
June 21, 2012
ရခိုင်အကြမ်းဖက်မှုအတွင်း ပျောက်ဆုံးသူ ကြက်ခြေနီက ကူညီရှာဖွေပေး
Donate to DVB

ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားနေတဲ့ အကြမ်းဖက်ဆူပူ လှုပ်ရှားမှုတွေ အတွင်း ပျောက်ဆုံးနေသူတွေ ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းကဆက်သွယ်မေးမြန်းရှာဖွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း တာဝန်ရှိသူ တဦးက “ကျမတို့က အဓိကကတော့ ဘေးကင်းရန်ကွာ ရှိနေပါတယ်ဆိုတဲ့ တယ်လီဖုန်း အဆက်အသွယ်နဲ့ပေါ့နော်။ ဒီက မိသားစုကလည်း ကျမတို့ဆီလှမ်းပြီး ဆက်သွယ်တာပေါ့၊ သက်ဆိုင်တဲ့ မိဘကို ရှာချင်တယ်ဆို။ ကျမတို့က ဟိုဘက်က field ထဲမှာ ရှိတဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေနဲ့ တဆင့်သတင်းပေးပြီးတော့ ဖုန်းနဲ့ဆက်သွယ်ပြီးတော့ ဒီ လူကဖြင့် ဘေးကင်းကွာ ရှိလား၊ အသက်ရှင်လား အဲဒါကို သူတို့ စခန်းမှာနေတဲ့ စာရင်းနဲ့ပေါ့နော် မေးခဲ့ပါ တယ်။ မေးခဲ့ပြီးတော့ စခန်းမှာ ရှိရင်လည်း ရှိတယ်ပေါ့။ မရှိဘူးဆိုရင်လည်း သူတို့ အဲဒီမှာ စာရင်းရှိတယ်၊ မရှိဘူးဆိုရင် တချို့တွေဆိုရင် ကျေးရွာဥက္ကဋ္ဌက လာပြီးတော့ သူတို့ရွာတွေကိုယ်စားလာပြီးတော့ ရိက္ခာလာထုတ်တဲ့အခါမှာ ကျေးရွာ ဥက္ကဋ္ဌကို မေးတာမျိုးပဲ ဖြစ်ဖြစ်၊ အဲဒီလိုမျိုးနဲ့ သူတို့ ဘေးကင်းရန်ကွာ ရှိတယ်ဆိုတဲ့အကြောင်း ကျမတို့ ဒီဘက်ကို ပြန်ပြီး ပြောပါတယ်။

တပြည်နယ်လုံး ဆိုတာထက် တချို့ အကုန်လုံးတော့ မရောက်ဘူးပေါ့။ တချို့နေရာတွေ မောင်တော့၊ ဘူးသီးတောင်၊ စစ်တွေပေါ့။ အဓိကကတော့ အဲဒီလိုမျိုးဆိုတော့။ ဒါပေမယ့် တချို့ အရမ်းသွားရခက်တဲ့ ရွာတွေ ဘာတွေတော့ ရှိတယ်ပေါ့။ သွားရေးလာရေး ခက်တဲ့နေရာတွေ အဲဒီလိုမျိုးကျတော့ လည်း ကြက်ခြေနီအဖွဲ့ဝင်တွေ မရောက်နိုင်တဲ့ နေရာမျိုးတွေလည်း ရှိပါတယ်။”

ပျောက်ဆုံးနေသူတွေကို အခုအချိန်ထိ ကူညီရှာဖွေပေနေသလို စာရင်းတွေလည်း ၀င်လာနေတုန်းဖြစ်ပြီး ဇွန် ၉ ရက်ကနေ ၁၄ ရက်ထိ ၆ ရက်အတွင်း ဘူးသီးတောင်ဘက်မှာ ၇၂ ဦး ဆက်သွယ် ကူညီ ရှာဖွေပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဘေးရန်ကင်းကွာ ရှိ မရှိ စုံစမ်း သိရှိလိုသူတွေဟာ ရန်ကုန် ဖုန်း- ၀၁-၃၈ ၃၆ ၈၄ နဲ့ ပြည်တွင်းပြည်ပမှာရှိတဲ့ ကြက်ခြေနီနဲ့ လခြမ်းနီ အသင်းများက တဆင့် ဆက်သွယ် အကူအညီတောင်းနိုင်ကြတယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဒီဗွီဘီက သီးခြား ဆက်သွယ်စုံစမ်းချက်အရ စစ်တွေမြို့နဲ့ အနီးနားတ၀ိုက်မှာ ပျောက်ဆုံးသူ ၂ ဦး၊ ၃ ဦးစပဲရှိပြီး၊ မောင်တောနဲ့ ဘူးသီးတောင်ဘက်မှာ ရာနဲ့ချီ ပျောက်ဆုံးမှုရှိပါတယ်။

အစိုးရသတင်းတွေမှာ ပျောက်ဆုံးသူစာရင်း ဖော်ပြထားတာမရှိဘဲ မေ ၂၈ ရက်ကနေ ဇွန် ၁၄ ရက် အတွင်း သေဆုံးသူ ၅၀၊ ဒဏ်ရာရသူ ၅၁ ဦးရှိတဲ့အကြောင်းပဲ သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဟာ အခုလို ပျောက်ဆုံးသူ ဆက်သွယ်ရှာဖွေပေးတဲ့ ကူညီဆောင်ရွက်မှု မျိုးကို ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ကျရောက်ခဲ့တုန်းက လုပ်ဆောင်ပေးခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013