မိသားစု စွန့်ပစ်ခံရတဲ့ နီပေါအဘွားအိုတွေအတွက် အိမ်ဂေဟာသစ်
DVB
·
June 21, 2012

ဘယ်မှ သွားစရာမရှိ လမ်းပေါ်မှာ စွန့်ပစ်ခံထားရသူတွေကို တွေ့ရင် သင် ဘာလုပ်မလဲ။ နီပေါက ဒီလ်ဆိုဘာ ရှရက်စ်သာ (Dilsobha Shrestha) ဆိုတဲ့ အမျိုးသမီးကတော့ အဲဒီလူတွေကို သူ့အိမ်ခေါ်သွားပါတယ်။
ခါသမန်ဒူမြို့က သူ့ရဲ့အိမ်မှာ အိမ်ခြေရာမဲ့တွေ အများကြီး ရှိပါတယ်။ အများစုက မိသားစု စွန့်ပစ်တာခံရတဲ့ အဘွားအိုတွေ ဖြစ်ပါတယ်။ ခါသမန်ဒူ လမ်းကြိုလမ်းကြားထဲက အဲဒီအိမ်လေးကို သတင်းထောက် ရာဂျန် ပါရာဂျူလီ (Rajan Parajuli) က သွားရောက် သတင်းရယူပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါပြီ။