လိဒ်နည်းပြနှင့် ကစားသမားများ မြန်မာကစားသမား ၂၅၀ ကို အခြေခံဘောလုံးပညာ မျှဝေ (ဓာတ်ပုံ)

လိဒ်ယူနိုက်တက် ဖောင်ဒေးရှင်း လူငယ်ဘောလုံးလေ့ကျင့်ရေး အစီအစဉ်ကို မြန်မာလူငယ်ကစားသမား ၂၅၀ လေ့လာသင်ယူခဲ့တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ လိဒ်ယူနိုက်တက်အသင်းတို့ ပူးပေါင်းကျင်းပတဲ့ လူငယ်ဘောလုံး လေ့ကျင့်သင်ကြားရေး အစီအစဉ် The Leeds United Foundation Kids Football Clinic ကို ဒီနေ့မနက်ပိုင်းက မြန်မာအမျိုးသား ဘောလုံးအကယ်ဒမီမှာ ကျင်းပခဲ့တာပါ။ လိဒ်အသင်းနည်းပြတွေနဲ့ ကစားသမားတွေက မြန်မာကစားသမား ၂၅၀ ကို အခြေခံ ဘောလုံးပညာတွေ မျှဝေသင်ကြားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အခမ်းအနားကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဗြိတိန်သံအမတ် အင်ဒရူးပက်ထရစ်၊ လိဒ်ယူနိုက်တက်အသင်းပိုင်ရှင် ရာဒရစ်ဇာနီနဲ့ ကစားသမားတွေ တက်ရောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ - MFF  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up