အိုင်အက်စ်စစ်သွေးကြွ အကျဉ်းသားများ၏ သတ်ဖြတ်မှုကြောင့် ရဲ ၅ ဦးပါ ၆ ဦး သေဆုံး

ဓာတ်ပုံ - EPA
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ ဆင်ခြေဖုံးက အကျဉ်းထောင်တခုမှာ မေ ၉ ရက်နေ့က အစ္စလာမ္မစ်စစ်သွေးကြွ အကျဉ်းသားတွေရဲ့ သတ်ဖြတ်မှုကြောင့် ရဲ ၅ ဦး၊ ထောင်သား ၁ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါ့ပြင် စစ်သွေးကြွ အကျဉ်းသားတွေဟာ ဓားစာခံတဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အဖွဲ့ကတော့ ဒီဖြစ်ရပ်နောက်ကွယ်မှာ သူတို့ရှိပြီး သတ်ဖြတ်ခံရတဲ့ရဲ ၁၀ ဦးအထိရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်ဟာ အိုင်အက်စ်အဖွဲ့နဲ့ မဆက်နွှယ်ဘူးလို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောခွင့်ရသူ မူဟာမက် အစ်ဘယ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အာဏာပိုင်တွေက အကျဉ်းသားတွေရဲ့ အစားအသောက်ကို စစ်ဆေးဖို့ လုပ်တဲ့အချိန် အကျဉ်းသားတွေက ငြင်းဆိုရာကနေ ထောင်တွင်း အချင်းများခဲ့တာလို့ သူကပြောပါတယ်။ အဲဒီထောင်ဟာ အကြမ်းဖက်မှု ကျူးလွန်သူတွေကို အကျဉ်းချထားတဲ့ထောင် ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up