ကေအိုင်အေကို ၀န်းရံမည်ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကြေညာ
DVB
·
May 9, 2018
ပြင်းထန်တဲ့ထိုးစစ်ကို ရင်ဆိုင်နေရတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ကို စစ်ရေး၊ နိုင်ငံရေးအရ အခိုင်အမာဝန်းရံသွားမယ်လို့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ပူးတွဲကြေညာလိုက်ပါတယ်။
ရက္ခိုင့်တပ်မတော် AA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့်တပ်မတော် MNDAA တို့က မေလ ၈ ရက်နေ့စွဲနဲ့ ပူးတွဲကြေညာလိုက်တာဖြစ်ပြီး စစ်ရေးဖိအားကြောင့် ပေါ်ပေါက်လာမယ့် နောက်ဆက်တွဲဆိုးကျိုးတွေဟာ မြန်မာတပ်မတော်ရဲ့ တာဝန်သာ ဖြစ်ကြောင်းလည်း ကြေညာချက်မှာဖော်ပြပါတယ်။
တပ်မတော်ရဲ့ ထိုးစစ်ဆင်လှုပ်ရှားမှု မြင့်တက်လာတဲ့အတွက် ကချင်ဒေသတွင်း နေရာ ဒေသအများစုမှာ တိုက်ပွဲပြင်းထန်နေပြီး ထောင်နဲ့ချီတဲ့ ဒေသခံ ပြည်သူတွေစစ်ပွဲကြားပိတ်မိပြီး စစ်ဘေးဒုက္ခ ကြုံတွေ့နေကြရတာဖြစ်ပါတယ်။
တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ဟန့်တားဖျက်ဆီးနေတဲ့ ထိုးစစ်ကို ကန့်ကွက်ရှုတ်ချကြောင်းလည်း ထုတ်ပြန်ပါတယ်။