DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့တွင် ပတ်စ်ပို့ရုံးဖွင့်မည်
DVB
·
June 20, 2012
မန္တလေးမြို့တွင် ပတ်စ်ပို့ရုံးဖွင့်မည်
1 / 2
Donate to DVB

မြန်မာနိုင်ငံအထက်ပိုင်းပြည်နယ်နဲ့ တိုင်းတွေမှာ နေထိုင်သူတွေအတွက်  မန္တလေးမြို့မှာ နိုင်ငံကူး လက်မှတ် (ပတ်စ်ပို့ ) ထုတ်ပေးရေးရုံးသစ်တခု ဇူလိုင်လဆန်းမှာ စတင်ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ မန္တလေးတိုင်း အထူးသတင်းရဲတပ်ဖွဲ့က အတည်ပြုပြောပါတယ်။

မန္တလေးတောင်ခြေ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ စသုံးလုံးရုံး နောက်နားမှာရှိတဲ့  အောင်မြေသာစံမြို့နယ် ၁၂ လမ်း၊ ၆၄ လမ်းနဲ့ ၁၆ လမ်းကြားမှာ ပတ်စ်ပို့ရုံး ဖွင့်လှစ်မှာဖြစ်ပြီး အခုတော့ ရုံးကို အပြီးသတ်ဆောက်နေဆဲပဲလို့ ဆိုပါတယ်။

မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်၊ ချင်း၊ ရှမ်း စတဲ့ ပြည်နယ်တွေ မှာ နေထိုင်သူတွေ အနေနဲ့ ဒီရုံးမှာ လာရောက် ပတ်စ်ပို့ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

အရင်က မြန်မာနိုင်ငံ အထက်ပိုင်းပြည်နယ်တွေ နဲ့ တိုင်းတွေမှာ နေထိုင်သူတွေဟာ ရန်ကုန်မြို့ကိုသွားပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားလုပ်ကိုင်ရတာ ဖြစ်တဲ့အတွက် ခရီးစရိတ်၊ စားစရိတ်နဲ့ နေစရိတ်တွေ ပိုမိုကုန်ကျတဲ့ အကြောင်းနဲ့ အခုတော့ အချိန်ကုန် ငွေကုန် သက်သာမှာဖြစ်လို့ ရုံးဖွင့်တာကို  ကြိုဆိုတယ်လို့  မန္တလေးမြို့ခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013