Home
မြန်မာသတင်း
ကချင်ထိုးစစ်​ရပ်​ဆိုင်း​ရန် မန္တ​လေးကျုံး​ဘေးတွင်  ဖယောင်းတိုင်ထွန်းညှိဆုတောင်း
Aung Aung Naing
·
May 9, 2018
တိုင်းရင်းသား​ဒေသတွေမှာ ထိုးစစ်​တွေရပ်​ဆိုင်း​ရေးနဲ့ ကချင်​စစ်​မက်​နယ်​​မြေအတွင်း ပိတ်​မိပြည်​သူတွေ အမြန်​ဆုံးလွတ်​​မြောက်​​ရေးအတွက်  မန္တ​လေးနန်းမြို့ရိုး ကျုံး​ဘေးမှာ မနေ့ညက​ ဖယောင်းတိုင်​ထွန်းညှိ ဆု​တောင်းပွဲပြုလုပ်​ခဲ့ပါတယ်။
ကချင်​ပြည်​နယ်တိုက်ပွဲတွေကြား ပိတ်​မိ​နေတဲ့​ပြည်​သူ​တွေ အမြန်​ဆုံး လွတ်​​မြောက်​ဖို့ အတွက်​ အထက်​မြန်​မာပြည်​ ဗကသများအဖွဲ့ချုပ်​နဲ့ ကချင်​စစ်​မက်​နယ်​​မြေအတွင်း ပိတ်​မိ​​နေ​ သောသူများ လွတ်​​မြောက်​​ရေး လိုလားသူများအဖွဲ့က ဦး​ဆောင်​ပြီး ဆု​တောင်းခဲ့ကြတာပါ။
ဒါ့အပြင် စစ်ပွဲတွေရပ်ရေးနဲ့ စစ်ဘေးရှောင်တွေအတွက် ဆန္ဒပြလို့ ဖမ်းဆီးခံနေရသူတွေကို  လည်း အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဗကသ ကျောင်းသားတွေက တောင်းဆိုလိုက်ပါတယ်။
ဗကသ​ကျောင်းသား​ဟောင်း ကိုသန်းထိုက်​က​ “စစ်​ပွဲအတွင်းပိတ်​မိ​နေတဲ့ ကချင်​​ဒေသက ပြည်​သူ​တွေအတွက် ​အခုလို ပြုလုပ်​တာပါ။ ငြိမ်းစုစီ ပုဒ်မ ၁၈ တို့ ၁၉ တို့က ကျနော်တို့ကို ဖိနှိပ်ဖို့လို့ပဲမြင်တယ်။ အဖမ်းခံရတယ်ဆိုတာ မတရားဘူးပဲမြင်တယ်။ ကျနော်တို့က ဦးဝင်းတင်စကားနဲ့ပြောရရင် မတရားတဲ့ဥပဒေ တရားတဲ့နည်းတွေလုပ်နေသမျှတော့ ဒီတိုင်း ဆန့်ကျင်သွားမှာပါ့။ အဖမ်းခံရသူတွေက မတရား အဖမ်းခံရတယ်။ ဒီအတွက် အမြန်ဆုံး လွှတ်ပေးရမယ်။ ဒါဟာဖမ်းတဲ့သူတွေမှာ တာဝန်ရှိတယ်။ ဒီကနေတောင်းဆိုတယ်​”လို့ ပြောပါတယ်။
မန္တလေးမြို့မှာ အခုလို ဖယောင်းတိုင်​ထွန်းညှိဆုတောင်းတာကို  ဒုတိယအကြိမ်ပြုလုပ်တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024