DVB Logo
Home
မြန်မာသတင်း
ရဟန်းပျိုတပါးနှင့် မိန်းမပျိုလေးတဦးအကြောင်း ရိုက်ကူးထားသည့် ဖြစ်ရပ်မှန်ရုပ်ရှင်-ဥပါဒါန် (နမူနာ)
DVB
·
May 8, 2018
ရဟန်းပျိုတပါးနှင့် မိန်းမပျိုလေးတဦးအကြောင်း ရိုက်ကူးထားသည့် ဖြစ်ရပ်မှန်ရုပ်ရှင်-ဥပါဒါန် (နမူနာ)
Donate to DVB

ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်ကို အခြေပြုပြီး ဖန်တီးပုံဖော်ထားခဲ့တဲ့ ဥပါဒါန်အမည်ရတဲ့ မြန်မာရုပ်ရှင်ကားကို မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားဟာ ထူးခြားတဲ့ မြန်မာရုပ်ရှင်ကားတကားဖြစ်ပြီး အကြောင်းကြောင်းတွေ ကြောင့် ထွက်ရှိဖို့ ကြန့်ကြာနေခဲ့ရပြီး အချိန် ၁၀ နှစ်ကျော်လောက်အကြာမှ ထွက်ရှိလာ ခဲ့တာ ဖြစ်ပါတယ်။

ဒီကားဟာ မောင်အောင်(ရူပဗေဒ)ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ ဗန်းကြီးက ရိုက်ကူးထားခဲ့တာပါ။

ဇာတ်လမ်းအကျဉ်းကတော့ သာသနာကို မြတ်နိုးတန်ဖိုးထားတဲ့ ရဟန်းပျိုတပါးနဲ့ ဘာသာသနာအပေါ် ကြည်ညိုလွန်းခဲ့ပေမယ့် သဒ္ဓါလွန်ကဲပြီး ဆုတောင်းမှားခဲ့တဲ့ မိန်းမ ချောလေးတယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီကားကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး သရုပ်ဆောင်သစ် မင်းသား ခိုင်ထူးသာနဲ့ မင်းသမီး နန်းဆုဦးတို့က ခေါင်းဆောင် ပါဝင်ထားကြတာ ဖြစ်ပါတယ်။

တခြားသရုပ်ဆောင်တွေအနေနဲ့ ၀ါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ခင်ဇာခြည်ကျော်၊ မေသ ဉ္ဇာဦး၊ ချိုပြုံးနဲ့ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဒီကားကိုတော့ လာမယ့် မေလ ၁၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပြီး ၁ မိနစ် စာ ရုပ်ရှင်ကားနမူနာဟာ လက်ရှိမှာတော့ ပရိသတ်တွေကြားရေပန်းစားနေပြီး ၀င်ရောက်ကြည့်ရှုကြ တဲ့ အကြိမ်ရေ ၃ သိန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013