DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နှင့် အစိုးရတပ် တိုက်ပွဲ ဆက်ဖြစ်
DVB
·
June 20, 2012
ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နှင့် အစိုးရတပ် တိုက်ပွဲ ဆက်ဖြစ်
Donate to DVB

ရှမ်းပြည်တပ်မတော်  အက်အက်စ်အေ (မြောက်ပိုင်း)နဲ့ အစိုးရတပ်တွေ အကြား အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

ဒီနေ့ မနက် ၅ နာရီခွဲကနေ ၉ နာရီခွဲထိ နှစ်ဘက်စစ်သည်တွေကြား အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းရဲ့ ပြောခွင့်ရ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

[caption id="attachment_26868" align="alignright" width="300" caption="ရှမ်းပြည်တပ်မတော်မြောက်ပိုင်း တပ်ဖွဲ့ဝင်များ"][/caption]

“စစ်ဆင်ရေးလမ်းကြောင်းဖြစ်နေ တယ်။ အဲဒါ ကျနော်တို့ကို ဖယ်ခိုင်း တယ်။ ကျနော်တို့လည်း အရင်ကတည်းကနေတဲ့ နေရာပေါ့။ အဲဒီတော့ ဘာမှ စစ်ဆင်ရေး လုပ်စရာ မလိုဘူး။ ဒါပေမယ့် ဒီနေ့မနက် ၅ နာရီမှာ ကျနော်တို့ ရှိတဲ့နေရာကို တက်တိုက်တယ်။ သူတို့တက်မလာရင်လည်း ကျနော်တို့က မပစ်ပါဘူး။ သူတို့ပစ်လို့ ပြန်ပစ်တာပါ။ တိုက်ပွဲအပြင်းအထန်ဖြစ်တာပါ။ ထိခိုက်ကျဆုံးမှုတော့ ၂ ဖက်လုံး ဘာမှမသိရသေးဘူး။”

ပစ်ခတ်မှုတွေ မတိုင်ခင် ဇွန် ၁၇ ရက်နေ့က ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း အဖွဲ့နဲ့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အစိုးရတပ်ရင်းတွေအကြား ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် မိုင်းအွတ်ဒေသထဲမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့ကိစ္စ ညှိနှိုင်းခဲ့ကြပါတယ်။

အစိုးရတပ်ဘက်က ဗျူဟာမှူးကိုယ်တိုင်  တိုက်ပွဲဖြစ်တဲ့ နေရာကို ၁၈ ရက်နေ့က ကွင်းဆင်းစစ်ဆေး ခဲ့သေးသလို ရှမ်းပြည်တပ်မတော်ဘက်ကလည်း အပစ်အခတ်မလုပ်ဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး စိုင်းကျော်လှနဲ့  အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင် ၀န်ကြီး ဦးသိန်းဇော်တို့ကြား  တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ဖုန်းဆက်ညှိနှိုင်းခဲ့ပေမယ့် ညှိနှိုင်းလို့မရသေးဘူးလို့ ဗိုလ်မှူးစိုင်းလ က ဆက်ပြောပါတယ်။

ဒီမနက်ဖြစ်တဲ့ တိုက်ပွဲအသေးစိတ် အခြေအနေ မသိရပေမယ့်   အစိုးရတပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးစ ထိမှန်တဲ့အတွက် အသက် ၄၅ နှစ်အရွယ် ခိုယောင်းရွာသူတဦး ဒဏ်ရာရခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်က ပြောပါတယ်။

အက်အက်စ်အေ (မြောက်ပိုင်း)နဲ့ အစိုးရအကြား ဒီနှစ်ဆန်းမှာ အပစ်အခတ်ရပ်ဖို့ လက်မှတ်ထိုးပြီးကာ မှ ပြန်လည်ပစ်ခတ်မှု ၁၈ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဗိုလ်မှူးစိုင်းလက ဆိုပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ဟာ ၁၉၈၉ ခုနှစ်က န၀တ အစိုးရ နဲ့ ငြိမ်းချမ်းရေးယူခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ နအဖ စစ်တပ်ရဲ့ ဌာနေပြည်သူ့စစ်အသွင်ပြောင်းဖို့ ဖိအားပေးခံခဲ့ရပါတယ်။

တပ်မဟာ ၃ နဲ့ တပ်မဟာ ၇ က ဌာနေပြည်သူ့စစ်အသွင်ပြောင်းခဲ့ပေမယ့် ဗိုလ်ချုပ် ပန်ဖ ဦးဆောင်တဲ့ တပ်မဟာ ၁ က မပြောင်းတဲ့အတွက် မနှစ် မတ်လကနေ အောက်တိုဘာလထိ အစိုးရတပ်နဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် သမ္မတ ဦးသိန်းစိန် ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်အောက် မှာ ပြည်နယ်အဆင့်၊  ပြည်ထောင်စု အဆင့် ဆွေးနွေးပြီး အပစ်အခတ်ရပ်ရေး သဘောတူခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013