မေလ ၈ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး
DVB
·
May 8, 2018
မေလ ၈ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၃၄၀ ကျပ်၊ ၁ ယူရိုငွေကို ၁၅၉၉ ဒသမ ၄ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၁၀၀၃ ဒသမ ၉ ကျပ်၊ ဂျပန် ယန်း ၁၀၀ ကို ၁၂၃၀ ဒသမ ၇ ကျပ်၊ တရုတ် ၁ ယွမ်ကို ၂၁၀ ဒသမ ၄၇ ကျပ်၊ အင်ဒိုနီးရှား ရူပီးရား ၁၀၀ ကို ၉ ဒသမ ၅၇ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၃၉ ဒသမ ၆၃ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၄၂ ဒသမ ၁၁ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ဝယ်ဈေး ၉၃၇၁၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၉၃၇၃၀၀ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၃၁၁ ဒသမ ၅၀ ဒေါ်လာ ဈေးပေါက်ပါတယ်။