Home
မြန်မာသတင်း
ရိုဟင်ဂျာအရေး ကော်မတီတရပ်ဖွဲ့စည်းရန် အိုအိုင်စီညီလာခံဆုံးဖြတ်
DVB
·
May 7, 2018
31944361_1814493998613465_887515825911627776_n
ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရကို အရေးယူဖို့အတွက် နိုင်ငံတကာရဲ့ ထောက်ခံမှုတွေရအောင်စည်းရုံးမယ့် ကော်မတီတရပ် ဖွဲ့စည်းဖို့  OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ)ကဆုံးဖြတ်လိုက်ပါတယ်။
အိုအိုင်စီအဖွဲ့ဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သံတမန်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ညီလာခံ ကျင်းပခဲ့ကြပြီး ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးလာသူတွေအရေးကို အလေးပေးဆွေးနွေးခဲ့ကြပြီး ညီလာခံ  နောက်ဆုံးနေ့ ဖြစ်တဲ့ မေလ ၆ ရက်မှာ ဆုံးဖြတ်လိုက်တာပါ။
ဒါဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင် ၇၀၀,၀၀၀ လောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတဲ့ ကြီးမားလှတဲ့ ပြဿနာကို အဆုံးသတ်စေဖို့ အဓိက အရေးပါတဲ့ ခြေလှမ်းဖြစ်တယ်လို့လည်း အိုအိုင်စီ အတွင်းရေးမှူးချုပ် ယူဆာ့ဖ်ဘင်အာမက် အယ်လ်အိုတိုင်မန်က ပြောပါတယ်။
အိုအိုင်စီရဲ့ ၄၅ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါက္ကာမြို့မှာ မေလ ၅ ရက်ကနေ ၆ ရက်ထိ နှစ်ရက်ကြာ ကျင်းပခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ-OIC
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024