DVB Logo
Home
မြန်မာသတင်း
တဦး​ချင်း​ဝင်​ငွေ ၃ ဆတိုး​အောင် ​ဆောင်ရွက်သွား​မည်ဟု သမ္မတ​ပြောကြား
DVB
·
June 19, 2012
တဦး​ချင်း​ဝင်​ငွေ ၃ ဆတိုး​အောင် ​ဆောင်ရွက်သွား​မည်ဟု သမ္မတ​ပြောကြား
Donate to DVB

တိုင်း​ပြည်ရဲ့​ တမျိုး​သား​လုံး​ ပြည်တွင်း​အသား​တင်ထုတ်လုပ်မှုတန်ဖိုး​ ဂျီဒီပီကို ၁ နှစ် ပျမ်း​မျှ ၇ ဒဿမ ၇ ရာခိုင်နှုန်း​ တိုး​တက်ဖို့​နဲ့​ လာမယ့်​ ၅ နှစ်မှာ လူထုရဲ့​တဦး​ချင်း​ဝင်​ငွေ ၃ဆတိုး​အောင် ကြိုး​ပမ်း​သွား​မယ်လို့​ သမ္မတဦး​သိန်း​စိန်က ​ပြောကြား​လိုက်ပါတယ်။

ဒီ​နေ့​မနက် ​နေပြည်​တော် သမ္မတရုံး​အစည်း​အ​ဝေး​ခန်း​မမှာ ပြည်​ထောင်စုအဆင့်​နဲ့​ ပြည်နယ်နဲ့​တိုင်း​အဆင့်​ ဝန်ကြီး​တွေအပါအဝင် ဌာနဆိုင်ရာ အကြီး​အကဲ​တွေကို နိုင်ငံ​တော် ဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် ပြုပြင်​ပြောင်း​လဲ​ဆောင်ရွက်မယ့်​ လုပ်ငန်း​စဉ်​တွေနဲ့​ စပ်လျဉ်း​ပြီး​ မိန့်​ခွန်း​ပြောကြား​လိုက်တာပါ။

သမ္မတဦး​သိန်း​စိန်က “တွက်ချက်ရရှိထား​တဲ့​ ဂျီဒီပီတိုး​တက်မှုနှုန်း​အရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ​ရေး​နှစ်မှာ ဖြစ်​ပေါ်လာမယ့်​ ပြည်သူများ​ရဲ့​ပျမ်း​မျှ ၁ ဦး​ကျ ဂျီဒီပီဟာ အ​ခြေခံနှစ်ထက် ၁ ဒဿမ ၇ ဆ ရရှိဖို့​ တွက်ချက်ခန့်​မှန်း​ထား​သော်လည်း​ ကျ​နော်တို့​ အစိုး​ရအ​နေနဲ့​က​တော့​ ပျမ်း​မျှ ၁ ဦး​ကျ ဂျီဒီပီကို အ​ခြေခံနှစ်ထက် ၃ ဆတိုး​တက်​အောင် ကြိုး​စား​သွား​ဖို့​ ရည်မှန်း​ထား​ပါတယ်။ တနည်း​အား​ဖြင့်​ပြည်သူ​တွေရဲ့​ စား​ဝတ်​နေ​ရေး​ လိုအပ်ချက်​တွေ ဖြည့်​ဆည်း​ပေး​နိုင်​အောင် အမှန်တကယ် ဝင်​ငွေတိုး​အောင် ကြိုး​စား​ပေး​ရမှာ ဖြစ်ပါတယ်” လို့​ ​ပြောပါတယ်။

သမ္မတရဲ့​ တိုင်း​ပြည်စီး​ပွား​ရေး​ ​မျှော်မှန်း​ချက်အ​ပေါ် မြန်မာ့​ဓန စီး​ပွား​ရေး​မဂ္ဂဇင်း​ အယ်ဒီတာချုပ် သီဟ​စောက ခုလို သုံး​သပ်ပါတယ်။

“သူက​တော့​ လုပ်ချင်တာကို​ပြောတာ​ပေါ့​၊​ ၇ ရာခိုင်နှုန်း​ဆိုတာက တကယ်လုပ်ရင်​တော့​ ဖြစ်နိုင် ​ချေရှိပါတယ်။ ဒီကြား​ထဲမှာ ရင်း​နှီး​မြှုပ်နှံမှု​တွေ၊​ လုပ်ငန်း​တွေလည်း​ တိုး​ချဲ့​တယ်၊​ ပြည်တွင်း​ကော၊​ ပြည်ပ​ကော ရင်း​နှီး​မြှုပ်နှံမှု​တွေ တိုး​မယ်ဆိုရင်​တော့​ ၁၀ ရာခိုင်နှုန်း​၊​ -- တနှစ်ကို ၉ ရာခိုင်နှုန်း​ ရတာ​ပေါ့​။ တကယ်အလုပ်လုပ်မယ်ဆိုရင်​တော့​ ရနိုင်ပါတယ်။ ဒါ​ပေမယ့်​ သူ​ပြောတဲ့​ တဦး​ချင်း​ဝင်​ငွေ​ပေါ့​နော် per capita income ကို ပထမ သူတို့​ မှန်း​ထား​တာ ၁ ဒဿမ ၇ ​ပေါ့​၊​ အခု​နောက် ၃ ဆတိုး​အောင်လုပ်မယ်၊​ အဲဒါ​တော့​ သိပ်နား​မလည်ဘူး​၊​ ကျ​နော်တို့​ သိထား​တာက per capita income ဆိုတာ ဂျီဒီပီကို လူဦး​ရေ နဲ့​ စား​တာ။ လူဦး​ရေက သိပ်အများ​ကြီး​တိုး​စရာမရှိဘူး​၊​ ဂျီဒီပီ​ကော အဲဒီ​လောက် အဆတိုး​ပါ့​မလား​ပေါ့​၊​ လူဦး​ရေနဲ့​ လူနဲ့​စား​လို့​ရတဲ့​ဟာ​ပေါ့​၊​ အဲဒါ​တော့​ ဘာ​ကြောင့်​ ဘယ်လို ရည်ညွှန်း​ပြောတယ်ဆိုတာ သိပ်နား​မလည်ဘူး​။ ပထမ​ပြော တာ​တော့​ ဖြစ်နိုင်ပါတယ်။”

ဂျီဒီပီ တိုး​တက်​ရေး​ထက် ပြည်သူတဦး​ချင်း​ တအိမ်​ထောင်ချင်း​ရဲ့​ ဝင်​ငွေတိုး​တက်​ရေး​နဲ့​ လူမှုစီး​ပွား​ရေး​ ဘဝမြင့်​မား​တိုး​တက်​ရေး​အတွက် ပြည်သူလူထု ဗဟိုပြုဖွံ့​ဖြိုး​တိုး​တက်​ရေး​ လုပ်ငန်း​ ​တွေကို ဦး​စား​ပေး​ လုပ်သွား​ဖို့​လည်း​ ပြည်​ထောင်စုဝန်ကြီး​ ဌာနများ​နဲ့​ တိုင်း​ဒေသကြီး​နဲ့​ ပြည်နယ်အစိုး​ရ များ​ကို သမ္မတက တိုက်တွန်း​သွား​ပါတယ်။

နိုင်ငံ​တော်ရသုံး​ငွေစာရင်း​အရ ၂၀၁၁ -၂၀၁၂ ဘဏ္ဍာနှစ်မှာ လို​ငွေ ကျပ်ဘီလျံ ၂၁၅၉ ဒဿမ ၅၃၄ ရှိပြီး​ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ လို​ငွေ ကျပ်ဘီလျံ ၁၉၅၃ ဒဿမ ၇၁၂ ရှိ​နေ​ကြောင်း​၊​ ဘတ်ဂျတ်လို​ငွေ ကြာရှည်ဖြစ်​နေရင် နိုင်ငံ့​စီး​ပွား​ရေး​ကို ထိခိုက်လာပြီး​ ​နောက်ဆက်တွဲဆိုး​ကျိုး​တွေ မဖြစ်​အောင် ဘတ်ဂျတ်ကို လူထုအတွက် ထိ​ရောက် အကျိုး​ရှိ ​အောင်အသုံး​ပြုဖို့​၊​ တွက်​ခြေမကိုက်တဲ့​ မလိုအပ်တဲ့​လုပ်ငန်း​တွေ ​လျှော့​ချဖို့​၊​ အသုံး​စရိတ်​ချွေတာဖို့​ လိုတယ်လို့​ ​ပြောပါတယ်။

နိုင်ငံခြား​ရင်း​နှီး​မြှုပ်နှံမှု​တွေနဲ့​ ပတ်သက်ပြီး​ “သဘာဝ ပတ်ဝန်း​ကျင်နဲ့​ လူမှုစီး​ပွား​ရေး​ကို မထိခိုက်​စေမယ့်​ ရင်း​နှီး​မြှုပ်နှံမှု​တွေ ဖြစ်ဖို့​ ပြည်သူ​တွေရဲ့​ အလုပ်အကိုင် အခွင့်​အလမ်း​များ​ ဖန်တီး​ပေး​ဖို့​၊​ အလုပ်ရရုံသက်သက် မဟုတ်ဘဲ ထိုက်သင့်​သော အ​ခြေခံလုပ်ခလစာများ​ ပြည့်​ပြည့်​ဝဝရရှိ​ရေး​ အ​လေး​ထား​ ​ဆောင်ရွက်​ပေး​ရမှာ ဖြစ်ပါတယ်။ ဒါ​ကြောင့်​ ပြည်​ထောင်စုအစိုး​ရအ​နေနဲ့​ တခြား​နိုင်ငံများ​နည်း​တူ အနည်း​ဆုံး​ အခ​ကြေး​ငွေ ဥပ​ဒေတရပ် ​ရေး​ဆွဲပြီး​ လွှတ်​တော်ကို တင်သွင်း​ရန် စီစဉ်ထား​ပါတယ်” လို့​ သမ္မတက ​ပြောပါတယ်။

တောင်သူလယ်သမား​တွေအတွက်လည်း​ စိုက်ပျိုး​စရိတ် ​ချေး​ငွေ​တွေ အခုထက် ပိုမိုအဆင်​ပြေ​အောင် ​ငွေစု​ငွေ​ချေး​ ဘဏ်​တွေနဲ့​ အ​သေး​စား​ချေး​ငွေလုပ်ငန်း​တွေ ပိုမိုတိုး​တက်​အောင် ​ဆောင်ရွက်မယ်လို့​ ဆိုပါတယ်။

လျှပ်စစ်မီး​ကိစ္စ ​ပြောသွား​ရာမှာ​တော့​ တိုး​တက်လာတဲ့​လူဦး​ရေနဲ့​ လျှပ်စစ်ဓာတ်အား​သုံး​စွဲမှု တိုး​လာတာ​ကြောင့်​ ဓာတ်အား​ လိုအပ်​နေဆဲဖြစ်တဲ့​ အ​ကြောင်း​ ​ရေအား​လျှပ်စစ်အပြင် သဘာဝ ဓာတ်​ငွေ့​၊​ ဒီဇယ်၊​ ​ကျောက်မီး​သွေး​၊​ ​နေအား​၊​ ​လေအား​နဲ့​ တခြား​ ဇီဝစွန့်​ပစ် ပစ္စည်း​ ​လောင်စာ​တွေက​နေ လျှပ်စစ်ဓာတ်အား​ထုတ်ယူဖို့​ ကြိုး​စား​သွာမယ်လို့​ ​ပြောပါတယ်။

ဆန္ဒပြမှုနဲ့​ ပတ်သက်ပြီး​လည်း​ ဒီမိုက​ရေစီ​ခေတ်မှာ ပြည်သူ့​ဆန္ဒ ​ဖော်ထုတ်တယ်ဆိုပြီး​ လမ်း​မ​ပေါ် လူအုပ်နဲ့​ထွက် အစုအ​ဝေး​နဲ့​ ​သွေး​ထိုး​မှုပါလာတဲ့​ အခါ မဖြစ်သင့်​မဖြစ်ထိုက်တဲ့​ ပြည်သူအများ​စုရဲ့​ အသက်အိုး​အိမ် လုံခြုံမှုကို ထိခိုက်တဲ့​အထိ ​ပြောင်း​လဲသွား​တတ်​ကြောင်း​၊​ တိုင်း​ဒေသကြီး​နဲ့​ ပြည်နယ်အလိုက် ​ဆွေး​နွေး​ပွဲ​တွေ ကျင်း​ပဖို့​လိုတဲ့​အ​ကြောင်း​၊​ ဒီလို ကျင်း​ပခြင်း​အား​ဖြင့်​ လူထု အခက်အခဲ​တွေကို ထုတ်​ဖော်​ဆွေး​နွေး​နိုင်ပြီး​ ​အောက်​ခြေမှာ ​ဖြေရှင်း​နိုင်တဲ့​ ကိစ္စ​တွေကို ချက်ချင်း​ ​ဖြေရှင်း​ပေး​ခြင်း​ဖြင့်​ လမ်း​မ​ပေါ် ဆန္ဒထွက်ပြရန်မလိုဘဲ ဒီမိုက​ရေစီကျင့်​စဉ်နဲ့​အညီ နည်း​လမ်း​တကျ ​ဖြေရှင်း​ဆောင်ရွက်​ပေး​နိုင်မှာ ဖြစ်တယ်လို့​ ​ပြောကြား​သွား​ပါတယ်။

ဒါ့​ပြင် နိုင်ငံတကာမှာ ​ရောက်ရှိ​နေတဲ့​ ​အောင်မြင်​နေတဲ့​ စီး​ပွား​ရေး​ပညာရှင်​တွေ စီး​ပွား​ရေး​ လုပ်ငန်း​ရှင်​တွေအ​နေနဲ့​ နိုင်ငံ​တော်ဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် အစိုး​ရနဲ့​ လာ​ရောက် ပူး​ပေါင်း​ ​ဆောင်ရွက်ဖို့​သမ္မတက ထပ်ပြီး​ ဖိတ်​ခေါ်သွား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013