DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည် ၆၇ နှစ်ပြည့်​ ​မွေး​နေ့​ နိုင်ငံတဝှမ်း​တွင် ကျင်း​ပ
DVB
·
June 19, 2012
ဒေါ်​အောင်ဆန်း​စုကြည် ၆၇ နှစ်ပြည့်​ ​မွေး​နေ့​ နိုင်ငံတဝှမ်း​တွင် ကျင်း​ပ
Donate to DVB

ဒီက​နေ့​ကျ​ရောက်တဲ့​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ၆၇ နှစ်ပြည့်​ ​မွေး​နေ့​ပွဲကို ရန်ကုန် ​ရွှေဂုံတိုင်လမ်း​မှာရှိတဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ရုံး​ချုပ်မှာ ကျင်း​ပသလို နိုင်ငံတဝှမ်း​မှာလည်း​ ကျင်း​ပကြပါတယ်။

[caption id="attachment_26821" align="alignright" width="300" caption="ဓာတ်ပုံ-ရိုက်တာ"][/caption]

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ရုံး​ချုပ်မှာ ကျင်း​ပတဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​မွေး​နေ့​ပွဲကို အဖွဲ့​ချုပ်ဝင်​တွေအပြင် နိုင်ငံ​ရေး​ပါတီ ​ခေါင်း​ဆောင်​တွေ၊​ တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေ အပါအဝင် လူထု တ​ထောင်​လောက် တက်​ရောက် ချီး​မြှင့်​ဂုဏ်ပြုခဲ့​ကြတယ်လို့​ အဖွဲ့​ချုပ်​ပြောခွင့်​ရသူ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​မွေး​နေ့​ပွဲအခမ်း​အနား​အတွင်း​မှာပဲ ၂၀၁၂ အတွက် ချီး​မြှင့်​ထား​တဲ့​ အညတရသူရဲ​ကောင်း​ဆုရ ပုဂ္ဂိုလ် ၅ ဦး​ကို ဆုချီး​မြှင့်​ပေး​ခဲ့​ပြီး​ ၃ ဦး​မှာ အကျဉ်း​ကျ​နေဆဲ ဖြစ်တဲ့​အတွက် နှစ်ဦး​သာ ဆုတက်​ရောက်ယူခဲ့​တယ်လို့​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​မွေး​နေ့​ပွဲကို အဖွဲ့​ချုပ်ဝင်​တွေက ကျင်း​ပကြ​ပေမယ့်​ ​မွေး​နေ့​ရှင်က​တော့​ ဥ​ရောပနိုင်ငံ​တွေမှာ ​ရောက်ရှိ​နေပါတယ်။

ဦး​အုန်း​ကြိုင်က “​မွေး​နေ့​ရှင်မပါဘဲနဲ့​ ကျင်း​ပတာ​တော့​ ဥက္ကဋ္ဌလည်း​ ပြည်ပမှာ ခရီး​ရောက်​နေတာဆို​တော့​ သူလည်း​ပဲ ဟိုမှာ နိုင်ငံအတွက် တာဝန်ထမ်း​ဆောင်​နေရင်း​ ​မွေး​နေ့​ပွဲကျင်း​ပမယ်လို့​ ​မျှော်လင့်​မိပါတယ်။ အား​လုံး​ကလည်း​ ​မွေး​နေ့​ရှင် သက်​တော်ရာ​ကျော်ရှည်​စေဖို့​နဲ့​ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့​ ဒီမိုက​ရေစီနည်း​လမ်း​ အမြန်ဆုံး​ ​အောင်မြင်ဖို့​အတွက် ဆု​တောင်း​ကြပြီး​တော့​ ဒီ​နေ့​ကျင်း​ပကြတာ ဖြစ်ပါတယ်” လို့​ ​ပြောပါတယ်။

မန္တ​လေး​မြို့​ မဟာ​အောင်​မြေမြို့​နယ် မဟာ​အောင်​မြေရပ်ကွက်မှာ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် ကွန်ရက်​ပေါင်း​စုံ ပူး​ပေါင်း​ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်​မွေး​နေ့​ အခမ်း​အနား​ကို ကျင်း​ပပြုလုပ်ခဲ့​ပြီး​ ဓာတ်ပုံပြပွဲတခုလည်း​ ပြုလုပ်ခဲ့​ပါတယ်။ ပြသထား​တဲ့​ ဓာတ်ပုံ​တွေကို ​ရောင်း​ချပြီး​ ရရှိလာတဲ့​ ဝင်​ငွေကို ပညာ​ရေး​၊​ လူမှု​ရေး​၊​ ကျန်း​မာ​ရေး​ ကွန်ရက်​တွေမှာ အသုံး​ပြုသွား​မယ်လို့​ ​ကြေညာထား​ပါတယ်။

မွန်ပြည်နယ် ​မော်လမြိုင်မြို့​မှာလည်း​ အမျိုး​သမီး​တွေ ဦး​ဆောင်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​မွေး​နေ့​ပွဲအတွက် ဘာသာ​ပေါင်း​စုံ ဆု​တောင်း​ ဂုဏ်ပြုခဲ့​သလို လက်ရှိအစိုး​ရရဲ့​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲမှာ ​ဒေါ်​အောင်ဆန်း​စုကြည် ပါဝင်ဖို့​ လိုလား​ကြောင်း​ ​မွေး​နေ့​ပွဲ ဦး​ဆောင်ကျင်း​ပသူ မိ​မေဦး​က ​ပြောပါတယ်။

“ကျမတို့​က ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​မွေး​နေ့​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လုပ်​ဆောင်ချက်​တွေကို အား​ကျပြီး​တော့​ ​ထောက်ခံလို့​ သူ့​ကိုဆုမွန်​ကောင်း​ ​တောင်း​ပေး​ချင်လို့​၊​ သူ့​ကို လက်ရှိအစိုး​ရရဲ့​ ငြိမ်း​ချမ်း​ရေး​ ကြိုး​ပမ်း​မှုဖြစ်စဉ်မှာ ဦး​ဆောင်ပြီး​ ပါဝင်​စေချင်တယ်။ ဘာလို့​လည်း​ဆို​တော့​ မြန်မာပြည်ရဲ့​ အနာဂတ်အတွက်​ပေါ့​၊​ စစ်မှန်တဲ့​ ငြိမ်း​ချမ်း​ရေး​ တကယ်ရဖို့​ အ​ရေး​ကြီး​တယ်။ အမျိုး​သမီး​တွေရဲ့​ အ​တွေး​အမြင် စဉ်း​စား​ချက်​တွေလည်း​ ပါဝင်ရမယ်။ အမျိုး​သမီး​တွေ မပါဝင်ဘူး​ဆိုရင် ငြိမ်း​ချမ်း​ရေး​ ရရှိနိုင်မှာ မဟုတ်ဘူး​၊​ ကျမတို့​ လိုချင်တဲ့​ အကြမ်း​ဖက်မှုကင်း​တဲ့​ဘဝ၊​ ငြိမ်း​ချမ်း​တဲ့​ဘဝဆိုတာ ကျမတို့​ပါဝင် ကြိုး​စား​မှရမယ်။ ဒါ​ကြောင့်​ ​ဒေါ်​အောင်ဆန်း​စုကြည် လက်ရှိအစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲ​တွေမှာ ပါဝင်ဦး​ဆောင်ပါလို့​ တိုက်တွန်း​ချင်တယ်။”

အလား​တူ ကယား​ပြည်နယ် ဒီ​မောဆိုမြို့​၊​ ဧရာဝတီတိုင်း​ ဟင်္သာတမြို့​နဲ့​ မ​ကွေး​မြို့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ရုံး​တွေမှာလည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ၆၇ နှစ်ပြည့်​ ​မွေး​နေ့​ပွဲကို ကျင်း​ပခဲ့​ကြပါတယ်။

ပြီး​ခဲ့​တဲ့​မေ ၂၅ ရက်​နေ့​ကစပြီး​ ‘ထာဝရငြိမ်း​ချမ်း​ရေး​ ၆၇’ဆိုတဲ့​ ​ခေါင်း​စဉ်နဲ့​ ငြိမ်း​ချမ်း​ရေး​အတွက် လက်မှတ်လိုက်လံ စု​ဆောင်း​နေတဲ့​ မျိုး​ဆက်သစ်လူငယ်များ​ အဖွဲ့​ကလည်း​ သူတို့​ကောက်ခံရရှိထား​တဲ့​ လက်မှတ် ၂ သိန်း​ ၃ ​သောင်း​ ၉ ​ထောင့်​ ၅ ရာကို ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ၆၇ နှစ်​မြောက် ​မွေး​နေ့​အထိမ်း​အမှတ်နဲ့​ ဂုဏ်ပြုလိုက်​ကြောင်း​ ​ကြေညာထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013