DVB Logo
Home
မြန်မာသတင်း
မန္တ​လေး​မြို့​သစ် စီမံကိန်း​သတင်း​ကြောင့်​ ​မြေ​ဈေး​တက်
DVB
·
June 19, 2012
Donate to DVB

မန္တ​လေး​မြို့​အနီး​ တံတား​ဦး​နဲ့​ အင်း​ဝမြို့​ဟောင်း​နား​မှာ မန္တ​လေး​မြို့​သစ် စီမံကိန်း​ အ​ကောင်အထည်​ဖော်မယ်ဆိုတဲ့​ သတင်း​တွေ ထွက်​ပေါ်ခဲ့​ပြီး​တဲ့​နောက် အနီး​နား​တဝိုက်က ​မြေ​ဈေး​တွေ အဆမတန် တက်ကုန်တယ်လို့​ သိရပါတယ်။

လွန်ခဲ့​တဲ့​ တလ​လောက်ကတည်း​က မြို့​သစ်စီမံကိန်း​ဖော်ဖို့​ရှိတယ်ဆိုတဲ့​ သတင်း​တွေ ကျယ်ကျယ်ပြန့်​ပြန့်​ ထွက်​ပေါ်ခဲ့​ပြီး​၊​ မန္တ​လေး​ ရန်ကုန်နဲ့​ ​နေပြည်​တော်က ​မြေအ​ရောင်း​အဝယ်လုပ်သူ​တွေ အပါအဝင် စိတ်ဝင်စား​သူ​တွေ အ​မြောက်အမြား​ ​ရောက်ရှိလာခဲ့​ကြတယ်။

အရင် တဧက ကျပ် ၃ သိန်း​လောက်ရှိတဲ့​ လယ်​မြေ​တွေကို သိန်း​ ​လေး​ငါး​ဆယ် ​ပေး​ဝယ်ရာက အခု​နောက်ပိုင်း​ လမ်း​နဲ့​နီး​တဲ့​နေရာ​တွေမှာ ​မြေတဧက သိန်း​ရာနဲ့​ချီ အ​ရောင်း​အဝယ် လုပ်​နေကြတာ ​တွေ့​ရတယ်လို့​ မြို့​ခံသတင်း​သမား​တဦး​က ​ပြောပါတယ်။

“တံတား​ဦး​ရဲ့​ ​တောင်ဘက်၊​ အ​နောက်ဘက်၊​ ​ထောင်း​ဂွဘက်မှာလည်း​ ဝယ်ကြတယ်။ ၃ ​နေရာမှာ အဓိကဝယ်တယ်။ အခု​နောက်ပိုင်း​ ပိုများ​လာတာ တံတား​ဦး​ကို ​ကျော်သွား​ပြီး​ရင် အ​နောက်ဘက်​လောက် သွား​ကျတာ​ပေါ့​။ တံတား​ဦး​မြို့​နဲ့​ ဧရာဝတီမြစ်ကြား​ထဲမှာ သွား​ကျတယ်။”

ဝယ်​ရောင်း​လုပ်​နေကြတဲ့​ ​မြေ​တွေဟာ လယ်​မြေ​တွေဖြစ်ပြီး​ အ​ဆောက်အဦ ​ဆောက်လုပ်ခွင့်​ လယ်ယာ​မြေနိုင်ငံပိုင် ပြုလုပ်ခြင်း​ ဥပ​ဒေ (လန) မကျ​သေး​တဲ့​ ​မြေ​တွေလို့​လည်း​ ​ပြောပါတယ်။

ဇွန်လ ၁၉ ရက်​နေ့​ထုတ် ​ကြေး​မုံသတင်း​စာမှာလည်း​ ရန်ကုန်-မန္တ​လေး​ အမြန်လမ်း​မကြီး​အနီး​၊​ တံတား​ဦး​ အင်း​ဝမြို့​ဟောင်း​ဒေသမှာ ​မြေဧက နှစ်​သောင်း​ ကျယ်ဝန်း​တဲ့​ မန္တ​လေး​မြို့​သစ်စီမံကိန်း​ အ​ကောင်အထည်​ဖော်ဖို့​ ရှိတဲ့​အ​ကြောင်း​၊​ မြို့​သစ်စီမံကိန်း​မှာ စက်မှုဇုန်၊​ ဟိုတယ်ဇုန်နဲ့​ လူ​နေအိမ်ရာ​တွေ ပါဝင်တဲ့​ အ​ကြောင်း​ သတင်း​ဖော်ပြထား​ပါတယ်။

စီမံကိန်း​ကို အများ​ပိုင်ကုမ္ပဏီများ​ဖွဲ့​စည်း​ပြီး​ အဆင့်​လိုက် ​ဆောင်ရွက်သွား​မယ်လို့​ ​ဖော်ပြထား​ပေမယ့်​ အစိုး​ရက ​ဆောင်ရွက်တဲ့​ စီမံကိန်း​ ဟုတ်မဟုတ် တိတိကျကျ ​ဖော်ပြထား​တာ မ​တွေ့​ရပါဘူး​။ မြို့​ခံ သတင်း​သမား​ တဦး​က​တော့​ ရန်ကုန်အ​ခြေစိုက် သမဝါယမဘဏ် (စီဘီ) အုပ်စုက ဦး​ဆောင် လုပ်​နေတာလို့​ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013