DVB Logo
Home
မြန်မာသတင်း
ကချင်နှင့်​ ရခိုင် ဒုက္ခသည်အ​ရေး​ဆောင်ရွက်သည့်​ အနုပညာရှင်များ​ တား​မြစ်ခံရ
DVB
·
June 19, 2012
ကချင်နှင့်​ ရခိုင် ဒုက္ခသည်အ​ရေး​ဆောင်ရွက်သည့်​ အနုပညာရှင်များ​ တား​မြစ်ခံရ
Donate to DVB

ကချင်ပြည်နယ်နဲ့​ ရခိုင်ပြည်နယ်က ဒုက္ခသည်​တွေအတွက် ရန်ကုန်နဲ့​ တခြား​မြို့​နယ်က လက်ဖက်ရည်ဆိုင်​တွေမှာ သီဆို​ဖျော်​ဖြေ ရန်ပုံ​ငွေရှာ​ဖွေ​နေကြတဲ့​ အနုပညာရှင်​တွေကို အာဏာပိုင်​တွေက တား​မြစ်​နှောင့်​ယှက်​နေပါတယ်။

ကချင်ပြည်နယ်က စစ်​ဘေး​သင့်​ပြည်သူ​တွေနဲ့​ ရခိုင်ပြည်နယ်တွင်း​က အကြမ်း​ဖက် မီး​ရှို့​မှု​တွေ​ကြောင့်​ ဒုက္ခ​ရောက်ကြသူ​တွေကို ကူညီဖို့​ သီဆို​ဖျော်​ဖြေ ရန်ပုံ​ငွေရှာ​နေကြတဲ့​ လွတ်လပ်ငြိမ်း​ချမ်း​ပန်း​ရဲ့​လမ်း​အဖွဲ့​နဲ့​ မြန်မာ့​လူမှုဘဝ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ အဖွဲ့​တွေဟာ အာဏာပိုင်​တွေရဲ့​ တား​မြစ်​နှောင့်​ယှက်ခံကြရတာပါ။

တနင်္ဂ​နွေ​နေ့​က ရန်ကုန် ကား​ပွဲစား​တန်း​မှာ လွတ်လပ်ငြိမ်း​ချမ်း​ ပန်း​ရဲ့​လမ်း​အဖွဲ့​ သီဆို​နေစဉ်မှာ အာဏာပိုင်​တွေက လာ​ရောက်တား​မြစ်ခဲ့​သလို လက်ဖက်ရည်ဆိုင် ပိုင်ရှင်​တွေကိုလည်း​ ဖိတ်ကြား​ခြင်း​မပြုဖို့​ လက်မှတ်ထိုး​ တား​မြစ်တာ​တွေ လုပ်​ဆောင်ခဲ့​တယ်လို့​ အဖွဲ့​ဝင်တဦး​ဖြစ်တဲ့​ အဆို​တော် ကိုသား​ထွေး​က ​ပြောပါတယ်။

“ကား​ပွဲစား​တန်း​မှာ ဆို​နေတုန်း​ကိုလာတား​တာ။ ကျန်တဲ့​နေရာ​တွေက​တော့​ လက်ဖက်ရည်ဆိုင်​တွေ၊​ ဥပမာ လမ်း​ ၅၀ လပ်ကီး​ဆဲလ်ဗင်း​တို့​၊​ လမ်း​မ​တော်ကဆိုင်​တွေ ကျ​နော်တို့​ကို ဖိတ်တဲ့​ဆိုင်​တွေ​ပေါ့​။ သူတို့​ကို ကျ​နော်တို့​ကို မဖိတ်ဖို့​ လက်မှတ်ထိုး​ခိုင်း​တာ​တွေ လုပ်တယ်။ သွား​ခါနီး​မှ လှမ်း​ပြောတယ်။ လက်မှတ်ထိုး​ခိုင်း​သွား​တယ်လို့​၊​ ကျ​နော်တို့​ အတွက်လုပ်တာ မဟုတ်ဘူး​။ တကယ့်​ကို ငြိမ်း​ချမ်း​ရေး​အတွက်၊​ ငြိမ်း​ချမ်း​ရေး​ဆိုတာ ရှိရမယ်ဆိုတာ သိ​စေချင်တာက​ကြောင်း​၊​ ဒုက္ခသည်​တွေကို ကူညီမှာဖြစ်တဲ့​အတွက် ​ကောင်း​တဲ့​အလုပ် လုပ်တာ ဖြစ်တဲ့​အတွက် ငြိမ်း​ချမ်း​ရေး​ကို ပိတ်ပင်တာလား​၊​ ဘာ​ကြောင့်​ပိတ်ပင်တာလဲ သိချင်တယ်။ ​နောက်တခုက မပိတ်ဆို့​ပါနဲ့​လို့​ ​ပြောချင်ပါတယ်။”

ကချင်ပြည်နယ်မှာ ဖြစ်​ပေါ်​နေတဲ့​ အ​ခြေအ​နေ​တွေကို မ​မေ့​မ​လျော့​ဖို့​နဲ့​ တိုက်ပွဲ​တွေရပ်တန့်​ဖို့​ အပါအဝင် တိုက်ပွဲ​ကြောင့်​ ထွက်​ပြေး​နေရတဲ့​ ဒုက္ခသည်​တွေကို အကူအညီ​ပေး​ဖို့​ ရည်ရွယ်ချက်နဲ့​ ဦး​ရဲလွင်နဲ့​ အနုပညာရှင်​တွေ ပါဝင်တဲ့​ လွတ်လပ်ငြိမ်း​ချမ်း​ပန်း​ရဲ့​လမ်း​အဖွဲ့​ဟာ ရန်ကုန် အပါအဝင် မန္တ​လေး​၊​ ​မေမြို့​၊​ မတ္တရာမြို့​တွေက လက်ဖက်ရည်ဆိုင်​တွေမှာလည်း​ သွား​ရောက် သီဆိုခဲ့​ကြပါတယ်။

ပြီး​ခဲ့​တဲ့​ အပတ်ကလည်း​ မန္တ​လေး​၊​ ​မေမြို့​၊​ မတ္တရာမြို့​တွေမှာ သွား​ရောက် သီဆိုရာမှာ​တော့​ အလှူ​ငွေ သိန်း​ ၈၀ နီး​ပါး​ ရရှိခဲ့​ပြီး​ ရလာတဲ့​ငွေ​တွေကို သူငယ်တန်း​မှ ဆယ်တန်း​အထိ ဗလာစာအုပ်၊​ ​ကျောင်း​သုံး​ ဖတ်စာအုပ် အစုံ ၁၂၀၀ ဝယ်ယူ လှူဒါန်း​ခဲ့​တယ်လို့​ သူက ​ပြောပါတယ်။

ပို​နေတဲ့​ ​ငွေ​ကြေး​တွေကိုလည်း​ ကချင်ဒုက္ခသည်အ​ရေး​မှာ အဓိက အကူအညီ​ပေး​နေတဲ့​ ဘာသာ​ရေး​ အဖွဲ့​အစည်း​တွေက တဆင့်​ ကချင်ပြည်နယ် ဒုက္ခသည်​တွေအတွက် ​ပေး​အပ်ခဲ့​တယ်လို့​လည်း​ ​ပြောပါတယ်။

အလား​တူ ရခိုင်နဲ့​ ကချင်ပြည်နယ်က ဒုက္ခသည်အတွက် သုံး​ဆယ်မြို့​နယ် ဆရာမကြီး​ ​ဒေါ်ခင်မူမူ လက်ဖက်ရည်ဆိုင်မှာ မြန်မာလူမှုဘဝဖွံ့​ဖြိုး​တိုး​တက်​ရေး​ ကွန်ရက်က ရန်ပုံ​ငွေရှာခဲ့​ပါတယ်။ သီဆို​ဖျော်​ဖြေပြီး​နောက်မှာ ခရိုင် အုပ်ချုပ်​ရေး​မှူး​က ဆိုင်ရှင်ကို ခွင့်​ပြုချက်မရဘဲ ရန်ပုံ​ငွေရှာ​ဖွေတဲ့​အတွက် ​ထောင်ဒဏ် ၆ လနဲ့​ ဒဏ်​ငွေ ​ပေး​ဆောင်ရမှာကို သိရှိတဲ့​အ​ကြောင်း​ လက်မှတ်ထိုး​ခိုင်း​တယ်လို့​ ကွန်ရက်အဖွဲ့​ဝင် ကို​နေမျိုး​ဇင်က ​ပြောပါတယ်။

“ငြိမ်း​ချမ်း​ရေး​ကို ရည်စူး​ပြီး​ ငြိမ်း​ချမ်း​ရေး​အတွက် လှုပ်ရှား​မှုပါ။ ဒါကို ခွင့်​ပြုချက်မရလို့​ လုပ်လို့​ရှိရင် ​ထောင်ဒဏ်ချမယ်လို့​ ​ခေါ်ယူပြီး​တော့​ ခြိမ်း​ခြောက် လက်မှတ်ထိုး​ခိုင်း​တယ်ဆိုတာ ဒီ​နေ့​ခေတ်မှာ ဘယ်လိုမှ မဖြစ်သင့်​တဲ့​ကိစ္စလို့​ ကျ​နော်​တော့​ ကမ္ဘာကို တင်ပြချင်တယ်။”

ဒီအဖွဲ့​က​တော့​ ရခိုင်ဒုက္ခသည်​တွေအတွက် အလှူ​ငွေ စုစု​ပေါင်း​ ၁၅ သိန်း​နဲ့​ ကချင်ဒုက္ခသည်​တွေအတွက် အလှူ​ငွေ ၈ သိန်း​ လှူဒါန်း​ခဲ့​တယ်လို့​ ဆိုပါတယ်။

ကချင်ပြည်နယ်မှာ ဖြစ်ပွား​နေတဲ့​တိုက်ပွဲ​တွေနဲ့​ ရခိုင်ပြည်နယ်မှာ ဖြစ်ပွား​နေတဲ့​ ပဋိပက္ခ​တွေ​ကြောင့်​ ​သောင်း​နဲ့​ချီတဲ့​ ဒုက္ခသည်​တွေဟာ ​ထောက်ပံ့​ကူညီမှု​တွေ လိုအပ်​နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013