A d v e r t i s e m e n t With Us

မုတ်သုံ​လေအား​ ​ကောင်း​ပြီး​ ခါတိုင်း​နှစ်ထက် ​လေ ပိုပြင်း

ဦးချစ်​ေကျာ်
လက်ရှိမှာ မုတ်သုံ​လေ ​တော်​တော်အား​ကောင်း​နေပြီး​ ခါတိုင်း​နှစ် မုတ်သုံ​လေ အား​ ​ကောင်း​တာထက် ​လေပိုပြင်း​တယ်လို့​ မိုး​လေဝသဌာနက စုံစမ်း​သိရှိရပါတယ်။ [caption id="attachment_24279" align="alignright" width="196" caption="ဦးချစ်​ကျော်"][/caption] မုတ်သုံ​လေအား​ကောင်း​တာ​ကြောင့်​ မုတ္တမပင်လယ်​ကွေ့​နဲ့​ ကပ္ပလီပင်လယ်ပြင်တို့​မှာ တိုက်ခတ်​နေတဲ့​ ​လေပြင်း​တယ်လို့​ မိုး​လေဝသနဲ့​ ဇလ​ဗေဒညွှန်ကြား​မှုဦး​စီး​ဌာနက လက်​ထောက်ညွှန်ကြား​ရေး​မှူး​ ဦး​ချစ်​ကျော်က ​ပြောပါတယ်။ “ခါတိုင်း​နှစ်​တွေ မုန်သုံ​လေအား​ကောင်း​တာထက် နည်း​နည်း​ပိုပြီး​ ​လေပြင်း​တယ်။ ခါတိုင်း​က မုန်သုံ​လေပြင်း​ရင် ၄၀-၄၅ ​လောက် တိုက်တာ။ အခုဟာ ၄၅-၅၀ ​လောက် တိုက်တာ​ပေါ့​။ ပင်လယ်ပြင်အတွက်​တော့​ မ​ကောင်း​ဘူး​။ မိုး​မျှော်တဲ့​သူ​တွေအတွက်​တော့​ မိုး​က ​တော်​တော်ပျံ့​ပျံ့​နှံ့​နှံ့​ ရွာနိုင်တယ်။ ပင်လယ်ပြင် ငါး​ဖမ်း​လှေသွား​တဲ့​သူ​တွေအတွက်​တော့​ အန္တရာယ်ရှိတယ်။” ဇွန် ၁၉ ရက်အတွက် မိုး​လေဝသခန့်​မှန်း​ချက် ထုတ်ပြန်ထား​ရာမှာ ကပ္ပလီပင်လယ်ပြင်နှင့်​ ဘင်္ဂလား​ပင်လယ်​အော်တို့​မှာ မုတ်သုံ​လေအား​ အလွန်​ကောင်း​နေပြီး​ မြန်မာ့​ကမ်း​ရိုး​တန်း​တ​လျှောက်နဲ့​ ကမ်း​လွန်ပင်လယ်ပြင်တို့​မှာ ရံဖန်ရံခါ မိုး​သက်​လေပြင်း​များ​ ကျ​ရောက်မယ်။ လှိုင်း​ကြီး​မယ်။ မိုး​သက်​လေပြင်း​ ကျစဉ် ​ရေပြင်/​မြေပြင်​လေဟာ တနာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့​ ​ဖော်ပြထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up