မော်ဒယ်သရုပ်ဆောင် ခင်သဇင်၏ ဘီကီနီဝတ် အလန်းစား ပုံရိပ်များ (ဓာတ်ပုံ)
DVB
·
May 3, 2018
မော်ဒယ်သရုပ်ဆောင်တဦးဖြစ်တဲ့ ခင်သဇင်ရဲ့ ဘီကီနီဝတ် အလန်း စားဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒီပုံတွေကို ခင်သဇင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာ ပေါ်မှတဆင့် မကြာသေးခင်ကမှ မျှဝေထားခဲ့တာဖြစ်ပါတယ်။
စိန်ခင်လို့ ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ ခင်သဇင်ဟာ ခပ်ချေချေပဲလို့ အ မည်ပေးထားတဲ့ သူ့ရဲ့ တကိုယ်တော်တေးအယ်လ်ဘမ်တချပ်ကို မေလ ၁ ရက်နေ့ကမှ ပူပူနွေးနွေးထွက်ရှိထားခဲ့တာ ဖြစ်ပါတယ်။
ခုလက်ရှိမျှဝေထားခဲ့တဲ့ ဓာတ်ပုံတွေရဲ့ အညွှန်းမှာတော့ “အခွေထွက်အပြီး စာမေးပွဲအပြီး အထိမ်းအမှတ် 🌄 🌅 🎊 🎉”လို့ ရေးထားခဲ့ပြီး စုစုပေါင်း ဓာတ်ပုံ ၇ ပုံကို မျှဝေထားခဲ့တာ ဖြစ်ပါတယ်။
ရေကူးကန်အနီးက ဘီကီနီဝတ်မော်ဒယ် ခင်သဇင်ရဲ့ ညှို့အားပြင်း ဓာတ်ပုံတွေဟာ လက်ရှိမှာတော့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ နာရီပိုင်းအတွင်း ကြိုက်နှစ်သက်သူ ၁ သောင်း ၇ ထောင်ကျော်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။