Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် မြို့ဝင်ကြေးကောက်ခံနေမှု ဖျက်သိမ်းရန် အစီအစဉ်မရှိ
DVB
·
May 3, 2018
  မွန်ပြည်နယ်အတွင်းမှာ မြို့ဝင်ကြေးကောက်ခံနေမှုတွေကို ဖျက်သိမ်းဖို့ အစီအစဉ် မရှိသေးဘူးလို့ မွန်ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောပါတယ်။ “မြို့ဝင်ကြေးကောက်ခံမှုနဲ့ပက်သက်လို့ ဝေဖန်မှုတွေရှိနေပေမယ့် ကျနော်တို့ကဆက်လုပ်ဖို့ စဉ်းစားထားပါတယ်။ ကောက်ခံရတဲ့ငွေနဲ့ ဝန်ထမ်းလစာအတွက်ထောက်ပံ့ပေးနိုင်တယ်” လို့ စည်ပင်ဝန်ကြီးက ပြောပါတယ်။ မြို့ဝင်ကြေးက ကောက်ခံရရှိငွေနဲ့ စည်ပင်သာယာရေးအဖွဲ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေပိုလုပ်လာနိုင်တယ်လို့ လည်း စည်ပင်ဝန်ကြီးကပြောပါတယ်။ မွန်ပြည်နယ်အတွင်း မြို့ဝင်ကြေးကောက်ခံတဲ့လုပ်ငန်းကို ၂၀၁၇ ဇွန်လကစပြီး စည်ပင်သာယာရေးအဖွဲ့က ကိုယ်တိုင်ကြီး ကြပ်ကောက်ခံနေတာပါ။ စတင်ကောက်ခံချိန်မှ အခုနှစ် မေလကုန်အထိ ကောက်ခံရရှိငွေ ကျပ်ငွေသိန်းပေါင်း ၁၅၀၀ ကျော်ရရှိနေပါပြီ။ ၂၀၁၇ ခုနှစ် မတိုင်ခင်ကတော့ မြို့ဝင်ကြေးကောက်ခံတဲ့ လုပ်ငန်းတွေကို စည်ပင် သာယာရေးအဖွဲ့မှ ပုဂ္ဂလိကလုပ်ငန်းရှင်တွေထံ လေလံစနစ်နဲ့ လုပ်ကိုင်ခွင့်ပေးခဲ့တာပါ။ မွန်ပြည်နယ်အတွင်းက မြို့ဝင်ကြေးကောက်ခံရေးဂိတ်တွေက ယာဉ်ကြီးတစ်စီးကို ၅၀၀ ကျပ်၊ယာဉ်လတ်တစ်စီးကို ၃၀၀ ကျပ်နဲ့ ယာဉ်ငယ်တစ်စီးကို ၂၀၀ ကျပ် ကောက်ခံနေတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024