Sunday, May 28, 2023
နယ်လှည့်​ကျောပိုး​အိတ်အဖွဲ့​ဝင်တဦး​ နယ်သာလန်က ​ပေး​အပ်သည့်​ ဆုရရှိ
နယ်သာလန်နိုင်ငံအ​ခြေစိုက် အက်စ်ဗွီ ​ဖောင်​ဒေး​ရှင်း​က ၂၀၁၂ ခုနှစ်အတွက် ​ပေး​အပ်တဲ့​ ဗန်ဟူး​ဗန်း​ဂိုး​ ဟက်ဆုကို စစ်မက်ဖြစ်ပွား​နေတဲ့​ ​ဒေသ​တွေမှာ ကျန်း​မာ​ရေး​ ​စောင့်​ရှောက်မှု​ပေး​နေတဲ့​ နယ်လှည့်​ကျောပိုး​အိတ် ကျန်း​မာ​ရေး​ လုပ်သား​များ​အဖွဲ့​က ဒါရိုက်တာ​စောဝင်း​ကျော် ရရှိသွား​ပါတယ်။
photo-KIC
၁၉၅၁ ပထမဆုံး​ ဒုက္ခသည်များ​ မဟာမင်း​ကြီး​အဖြစ် တာဝန်ထမ်း​ဆောင်ခဲ့​တဲ့​ နယ်သာလန်နိုင်ငံသား​ ဗန်ဟူး​ဗန်း​ဂိုး​ဟက်ကို ဂုဏ်ပြုပြီး​ ၂ နှစ် ၁ ကြိမ် ဒီဆုကို ချီး​မြှင့်​တာ ဖြစ်ပါတယ်။ စစ်​ပြေး​ဒုက္ခသည်​တွေနဲ့​ အိုး​အိမ်အတည်တကျမရှိဘဲ ​ရွှေ​ပြောင်း​နေရတဲ့​ လူထု​တွေကို အကူအညီ ​ပေး​နေသူ​တွေကိုသာ အဓိကချီး​မြှင့်​ပြီး​ ဆု​ငွေအဖြစ်ယူရို ၅ ​သောင်း​ ​ပေး​အပ်ပါတယ်။
ဒီဆုချီး​မြှင့်​ပွဲကို နယ်သာလန်နိုင်ငံမှာ ဇွန် ၂၀ ရက်​နေ့​ ကျင်း​ပမှာ ဖြစ်​ပေမယ့်​ ဆုရရှိသူ ​စောဝင်း​ကျော် တက်​ရောက်မယူနိုင်တဲ့​အတွက် အခုလို ထိုင်း​-မြန်မာနယ်စပ်မှာ လာ​ရောက်ချီး​မြှင့်​ခဲ့​တာပါ။
နယ်လှည့်​ကျောပိုး​အိတ်ကျန်း​မာ​ရေး​ လုပ်သား​အဖွဲ့​ကို ထိုင်း​-မြန်မာနယ်စပ်မှာ အ​ခြေစိုက်ထား​ပြီး​ လက်ရှိ စစ်​ဘေး​ဒုက္ခသည်​တွေရှိရာ တိုင်း​ရင်း​သား​ဒေသစုံမှာ ​ကျောပိုး​အိတ် ၉၅ လုံး​နဲ့​ နယ်လှည့်​ကာကွယ်ကုသမှု​တွေ ​ပေး​နေပါတယ်။ ရရှိထား​တဲ့​ ဆု​ကြေး​ငွေနဲ့​ ​ကျောပိုး​အိတ်​တွေ တိုး​ချဲ့​ဖို့​ ရှိသလို ​ဆေး​ရုံတရုံကိုလည်း​ ​ဆောက်လုပ်မယ်လို့​ ဆုရရှိသူ ​စောဝင်း​ကျော်က ​ပြောပါတယ်။
နယ်သာလန်နိုင်ငံအ​ခြေစိုက် အက်စ်ဗွီ ​ဖောင်​ဒေး​ရှင်း​ကို ဒုတိယကမ္ဘာစစ် အပြီး​မှာပဲ စတင်ထူ​ထောင်ခဲ့​ပြီး​ ၂၀၀၁ ခုနှစ်မှာ ဒီအဖွဲ့​ကပထမဆုံး​ပေး​အပ်တဲ့​ ဆုကို ထိုင်း​မြန်မာ နယ်စပ်အ​ခြေစိုက် မယ်​တော်​ဆေး​ခန်း​တာဝန်ခံ ​ဒေါက်တာ စင်သီယာ​မောင်ကို ချီး​မြှင့်​ခဲ့​ပါတယ်။
RELATED ARTICLES
- Advertisment -
Google search engine
Most Popular