Southwest လေကြောင်းလိုင်းလေယာဉ် ပျံသန်းစဉ် ပြတင်းမှန်ကွဲအက်၍ အရေးပေါ်ဆင်းသက်

1.2K
မကြာသေးခင်က အင်ဂျင်မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ Southwest လေကြောင်းလိုင်းက လေယာဉ်တစင်းဟာ မေလ ၂ ရက်နေ့က ပျံသန်းနေစဉ် ပြတင်းပေါက်မှန်တချပ် ကွဲအက်သွားတာကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
အခုမတော်တဆမှုဟာ အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် ကလိဗ်လန်းမြို့မှာ ဖြစ်ပွားခဲ့တာပါ။
လေယာဉ်ပြတင်းပေါက်မှန် အက်ကွဲရတဲ့ အကြောင်းရင်းကိုတော့ လောလောဆယ် မသိရသေးပါဘူး။
Southwest လေကြောင်းလိုင်းက လေယာဉ်တစင်းဟာလည်း ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်တုန်းက ပျံသန်းနေစဉ် အင်ဂျင်မီးလောင်ခဲ့ပြီး အမျိုးသမီး ခရီးသည်တဦး သေဆုံးခဲ့တဲ့ မတော်တဆမှု ဖြစ်ပွားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။