Home
သတင်းဓာတ်ပုံ
ပိတ်မိနေသည့် စစ်ဘေးရှောင်များအတွက် ရန်ကုန်တွင် ဗကသကျောင်းသားများ တောင်းဆို
ကျော်ဇေယျာဝင်း
·
May 2, 2018
  ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေကြောင့် ပိတ်မိနေတဲ့ စစ်​​ဘေး​ရှောင် ​ပြည်သူ​တွေ ​ဘေးလွတ်​ရာကို အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက် ​မေလ ၂ ရက်​​နေ့ ည​နေပိုင်းမှာ ရန်​ကုန်​မြို့ လှည်းတန်းစင်တာရှေ့မှာ ​တောင်းဆိုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်​။ အခုလိုတိုက်​ပွဲ​တွေရပ်​ဖို့နဲ့ စစ်​​ဘေး​ရှောင်​ပြည်​သူ​တွေအတွက်​ အလှူခံ​ကောက်​ခံတာကို လူ့ဘောင်သစ်လူငယ်​တွေနဲ့ ဗကသ ​ကျောင်းသား​တွေက စု​ပေါင်းပြုလုပ်​ကြတာ ဖြစ်​ပါတယ်​။ ​မေလ ၁ ရက်​​နေ့ကလည်း မြစ်ကြီးနားမြို့ရှိ ဒေသခံ ၃၀၀၀ ကျော်က ပိတ်​မိ​နေတဲ့ စစ်​​ဘေး​ရှောင်​ပြည်​သူ​တွေ အမြန်​ဆုံးလွတ်​​မြောက်​​ရေးအတွက်​ ​ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024