ထိန်ပင်အမှိုက်ပုံမီး အပြီးငြှိမ်းသတ်နိုင်ခဲ့ပေမယ့်  Level 1 အဆင့်ဆက်ထားမည်

  ရန်ကုန်၊ လှိုင်သာယာထိန်ပင် အမှိုက်ပုံ မီးလောင်မှုကို မေလ ၂ နေ့မှာ အပြီး ငြှိမ်းသတ်နိုင်ခဲ့ပေမယ့်  Level 1 အဆင့် ဆက်လက်ထားရှိသွားမယ်လို့ တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှူးရုံး ဒုညွှန်ကြားရေးမှူးက ပြောပါတယ်။ မီးငြိမ်းသွားပြီဆိုပေမယ့် အောင်းပူကျန်ရှိနေသေးတဲ့အတွက် မီးသတ်ကား ၁၀ စီး နဲ့ စည်ပင်ရေသယ်ကားတွေကိုပါ အဆင်သင့်ထားရှိသွားမယ်လို့လည်းပြောပါတယ်။ ဒီမှိုက်ပုံမီးဟာ ဧပြီ ၂၁ ရက်နေ့လယ် ကစပြီး  ၁၂ ရက်ကြာလောင်ကျွမ်းခဲ့ပြီး မီးခိုးမွှန်လို့ မီးသတ်သမားအပါအဝင် ပြည်သူ ၄၀ နီးပါး လှိုင်သာယာဆေးရုံကို တက်ရောက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up