DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင်း​က ဒုက္ခသည်များ​ စား​နပ်ရိက္ခာလိုအပ်
DVB
·
June 18, 2012
ရခိုင်ပြည်နယ်တွင်း​က ဒုက္ခသည်များ​ စား​နပ်ရိက္ခာလိုအပ်
1 / 3
Donate to DVB

ရခိုင်ပြည်နယ် စစ်​တွေမြို့​ပေါ်မှာရှိတဲ့​ ဒုက္ခသည်စခန်း​တွေမှာ အစား​အ​သောက်နဲ့​ ​ဆေး​ဝါး​တွေ လိုအပ်​နေပါတယ်။

ရခိုင်ပြည်နယ် မြို့​တော် စစ်​တွေမှာ ဒုက္ခသည်စခန်း​ ၆၀ ​လောက်ဖွင့်​လှစ်ပြီး​ ​နေရပ်စွန့်​ခွာ ထွက်​ပြေး​လာရသူ ၂ ​သောင်း​ကျော်ကို ​စောင့်​ရှောက် ​ထောက်ပံ့​ထား​ရာမှာ ​လော​လောဆယ် ဒုက္ခသည်​တွေအတွက် အစား​အစာနဲ့​ ​ဆေး​ဝါး​ လိုအပ်​နေတယ်လို့​ မြိုမိမြို့​ဖတဦး​ဖြစ်တဲ့​ ဦး​စံ​ကျော်လှက ​ပြောပါတယ်။

“စား​ရေး​သောက်​ရေး​မှာ အဓိကလို​နေတယ်။ ဆက်သွယ်​ရေး​ လမ်း​ကြောင်း​တွေလည်း​ ပြတ်​တော့​ အသား​ငါး​လည်း​ စား​စရာမရှိဘူး​၊​ အသီး​အရွက်​တွေ​တော့​ နည်း​နည်း​ဝင်တယ်။ တံငါသည်​တွေလည်း​ ငါး​ဖမ်း​ဖို့​ အခွင့်​အ​ရေး​ မသာဘူး​။ အသား​၊​ ငါး​က ​တော်​တော်ရှား​တဲ့​သ​ဘောရှိတယ်။ အဓိက​တော့​ ဆန်​တွေဘာ​တွေ လုံ​လောက်ရင်လည်း​ မဆိုး​ပါဘူး​။ ​လှေ​တွေနဲ့​ အဆက်အသွယ်ပြတ်​တော့​ စစ်​တွေမြို့​ပေါ်က ဆန်က ​လှေ​တွေအ​ပေါ် မှီခို​နေရတာကို။ ​မော်​တော်ဘုတ်​တွေက ပုံမှန်မ​ရောက်​သေး​ဘူး​။ အဲဒါ​ကြောင့်​ ဆန်​တွေဘာ​တွေပြတ်တယ်။ ဒါ​ပေမယ့်​ ဟိုကဒီက ဝင်​နေ​တော့​ အခု​လော​လောဆယ် အဆင်​ပြေသလိုရှိတယ်။ ဒါ​ပေမယ့်​ လုံ​လောက်တဲ့​ သ​ဘော​တော့​ မရှိ​သေး​ဘူး​။”

ကမ္ဘာ့​စား​နပ်ရိက္ခာ အစီအစဉ်လို နိုင်ငံတကာအဖွဲ့​အစည်း​တွေက ဆန်ကူညီ ​ထောက်ပံ့​ပေး​ရင် ဒုက္ခသည်​တွေအတွက် ပိုပြီး​အဆင်​ပြေနိုင်တယ်လို့​ ဦး​စံ​ကျော်လှက ​ပြောပါတယ်။

လက်ရှိ စစ်​တွေမြို့​မှာ ​နေအိမ်​တွေ မီး​လောင်လို့​ ထွက်​ပြေး​လာရတဲ့​ ဒုက္ခသည်​တွေရှိသလို မြို့​ပေါ်ရှိ တ​နေ့​လုပ် တ​နေ့​စား​တွေဟာလည်း​ ပဋိပက္ခ​တွေ​ကြောင့်​ ခုရက်ပိုင်း​ အလုပ်မရှိဖြစ်​နေလို့​ စား​ဝတ်​နေ​ရေး​ အခက်အခဲ ဖြစ်​နေပြီး​ သူတို့​ကိုလည်း​ ​စောင့်​ရှောက်ထား​ရတာပါ။

စစ်​တွေမြို့​မှာ ဆူပူအကြမ်း​ဖက်၊​ မီး​ရှို့​တဲ့​ အဖြစ်အပျက်​တွေ မရှိ​တော့​ဘူး​လို့​ မြို့​ခံ​တွေက ​ပြောပါတယ်။

ရခိုင်ပြည်နယ် ​မောင်​တောမြို့​ပေါ်မှာရှိတဲ့​ ဒုက္ခသည်စခန်း​ ၄ ခုမှာ​တော့​ ကမ္ဘာ့​စား​နပ်ရိက္ခာအစီအစဉ်၊​ အစိုး​ရနဲ့​ မြို့​ခံ​တွေက အစား​အ​သောက်နဲ့​ ​ဆေးဝါး​ ​စောင့်​ရှောက်ကူညီမှု​ပေး​ထား​ပါတယ်။

မောင်​တောနဲ့​ ဘူး​သီ​တောင်တို့​မှာ ဒုက္ခသည်စခန်း​ ၆ ခုဖွင့်​လှစ်ပြီး​၊​ ​နေရပ်စွန့်​ခွာ ထွက်​ပြေး​ လာ သူ ​ပေါင်း​ ၄ ​ထောင်​ကျော် ​စောင့်​ရှောက်ထား​တယ်လို့​ အစိုး​ရသတင်း​က ​ဖော်ပြပါတယ်။

မောင်​တောမြို့​ပေါ်က အလို​တော်ပြည့်​ ဘုန်း​ကြီး​ကျောင်း​က​တော့​ လက်ခံ​စောင့်​ရှောက်ထား​တဲ့​ ဒုက္ခသည် ၅၀၀ ​ကျော်အတွက် ဆန်၊​ ဆီ၊​ ဆား​ကအစ အစား​အစာအပြင် ​ဆေး​ဝါး​ကုသ​ပေး​တဲ့​ အဖွဲ့​တွေကလည်း​ ကျန်း​မာ​ရေး​ ​စောင့်​ရှောက်မှု​ပေး​နေပါတယ်။ ဒါ​ပေမယ့်​ ဒုက္ခသည်​တွေအတွက် ဝိုင်း​ဝန်း​ပံ့​ပိုး​ပေး​ဖို့​ လိုအပ်​နေ​သေး​တယ်လို့​ ​မောင်​တော အလို​တော်ပြည့်​ ​ကျောင်း​တိုက် ​ကျောင်း​ထိုင်ဆရာ​တော် ဦး​မဏိသာရက မိန့်​ပါတယ်။

“ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​နဲ့​ လုပ်ကိုင်စား​သောက်​နေရက​နေ အကြမ်း​ဖက်ခံရ​တော့​ သူတို့​စိတ်ထဲလည်း​ ဒဏ်ရာ​တွေက ​တော်ရုံနဲ့​ကုလို့​ မ​ပျောက်နိုင်ဘူး​။ အဲဒီ​တော့​ ဦး​ဇင်း​တို့​ အနယ်နယ်အရပ်ရပ်မှာရှိတဲ့​ လူသား​ချင်း​စာနာ ​ထောက်ထား​ပြီး​တော့​ သူတို့​ရဲ့​ စိတ်ဒဏ်ရာ​တွေ ​ပျောက်ဖို့​ကော၊​ အပြင်က​နေ သူတို့​ရဲ့​ စည်း​စိမ်ဥစ္စာ​တွေကိုပါ တတ်စွမ်း​သမျှ ဝိုင်း​ဝန်း​ပြီး​တော့​ ပံ့​ပိုး​ပေး​ဖို့​လိုတယ်။ အဲဒါ​လေး​ တကမ္ဘာလုံး​ရှိတဲ့​ လူသား​တွေသိ​အောင် ​ပြောပြချင်တာပါ။”

မောင်​တောမြို့​မှာ လုံခြုံ​ရေး​အင်အား​ ထူထူထပ်ထပ်ထပ်ချထား​ပြီး​၊​ လူအသွား​အလာမရှိဘဲ တိတ်ဆိတ် ငြိမ်သက်​နေတယ်လို့​ ဆိုပါတယ်။

ဇွန် ၁၈ ရက်ထုတ် နိုင်ငံပိုင်သတင်း​စာ​တွေမှာ​တော့​ ပြည်​ထောင်စုအဆင့်​ အစိုး​ရဝန်ကြီး​တွေဟာ ရခိုင်ပြည်နယ်ထဲက ​ဒေသအချို့​ကို သွား​ရောက်ပြီး​ လိုအပ်တာ​တွေ ပံ့​ပိုး​ကူညီ​ထောက်ပံ့​ပေး​နေတဲ့​အ​ကြောင်း​နဲ့​ ရခိုင်ပြည်နယ်အတွင်း​ တည်ငြိမ်​အေး​ချမ်း​နေပြီလို့​ ​ဖော်ပြထား​ပါတယ်။

ပြီး​ခဲ့​တဲ့​ ​မေ၂၈ ရက်က​နေ ဇွန် ၁၄ ရက်အထိ ဖြစ်ပွား​ခဲ့​တဲ့​ ရခိုင်ပြည်နယ်တွင်း​ အကြမ်း​ဖက်မှု​တွေမှာ ​သေဆုံး​သူ ၅၀ ဦး​၊​ ထိခိုက်ဒဏ်ရာရသူ ၅၁ ဦး​ရှိခဲ့​ပြီး​၊​ မီး​ရှို့​ဖျက်ဆီး​ခံရတဲ့​ အ​ဆောက်အအုံ​ပေါင်း​ ၂၂၀၀ ​ကျော်ရှိ​ကြောင်း​လည်း​ အစိုး​ရက တရား​ဝင် သတင်း​ထုတ်ပြန်ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ရခိုင်ပြည်နယ်တွင်း​က ဒုက္ခသည်များ​ စား​နပ်ရိက္ခာလိုအပ်