DVB Logo
Home
မြန်မာသတင်း
ကလေးစစ်သား ကိုရင်ဇောတိက အခုချိန်ထိ မလွတ်မြောက်သေး
DVB
·
June 18, 2012
ကလေးစစ်သား ကိုရင်ဇောတိက အခုချိန်ထိ မလွတ်မြောက်သေး
Donate to DVB

လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက  ပျောက်ဆုံးသွားပြီး ကလေးစစ်သားအဖြစ် စုဆောင်းခံရတဲ့ ကိုရင်ဇောတိက (ခေါ်) မောင်ဇော်ဇော်လင်းဟာ ကလေးစစ်သားအရေး ဆောင်ရွက်သူတွေ၊ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်က ကူညီဆောင်ရွက်ပေးနေတဲ့ကြားက အခုချိန်ထိ ပြန်မလွတ်လာသေးပါဘူး။

ကိုရင်ဇောတိက (ခေါ်) မောင်ဇော်ဇော်လင်းဟာ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်က ကျေးရွာတခုမှာေ နထိုင်သူဖြစ်ပြီး ၂၀၀၈ ခု နာဂစ်မုန်တိုင်း​ အလွန်ကာလမှာ တောင်ဥက္ကလာပမြို့နယ် ရတနာ့ ဂုဏ်ရည် ကျောင်းတိုက်ကနေ သင်္ကန်းဝတ်နဲ့ ပျောက်ဆုံးသွားခဲ့တာ ပါ။ ပျောက်ဆုံးသွားချိန် က အသက် ၁၃ နှစ်သာ​ ရှိပါသေးတယ်။

၂၀၀၉ ခုနှစ်လောက်မှာ စစ်သားအဖြစ်​ စုဆောင်းခံထားရပြီး လားရှိုးမြို့ ခမရ ၂၁ မှာ တပ်သားအဖြစ် တာဝန်ထမ်းဆောင်နေတာကို မိသားစုက သိရှိရတဲ့အတွက်  လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ ကွန်ရက် (HRDP) ဆီ အကူအညီ​ တောင်းခံပြီး ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) ကိုလည်း တိုင်ကြားခဲ့ပါတယ်။

အိုင်အယ်လ်အိုကလည်း ကလေးပြန်လွတ်မြောက်ရေး လိုက်လံ​ ဆောင်ရွက်ပေးခဲ့ပေ မယ့် မောင်ဇော်ဇော်လင်း ဟာ ခုချိန်ထိ ပြန်မလွတ်သေးဘူးလို့ HRDP အဖွဲ့ဝင် ကိုစောဘန်ကူး က ပြောပါတယ်။

“ဒီနှစ် နှစ်ဆန်းပိုင်းလောက်ကတည်းက တင်ပေးထားပေမယ့် အခုလက်ရှိ ကလေးနဲ့အိုင်အယ်လ်အို အဆက်အသွယ်ရတယ်။ အိုင်အယ်လ်အိုကိုလည်း အထောက်အထားအပြည့်အစုံ သတင်းစာထဲမှာ လူပျောက်ကြေညာထားတာ။ နောက်ပြီး ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များကနေ ကိုရင်ငယ်လေး ပျောက်ဆုံးသွားတဲ့အတွက် သက်ဆိုင်ရာ သံဃနာယကကို တင်ပြထားတဲ့စာ၊ မိဘတွေကနေ ကျောင်းထောက်ခံစာနဲ့ ကလေးရောက်ရှိနေတဲ့ နေရာ၊ ကလေးရောက်ရှိနေတဲ့တပ်ရင်း၊ ကလေးနဲ့ ဆက်သွယ်လို့ရတဲ့ ဖုန်းနံပါတ်တွေကိုပါ အတိအကျ ပေးထားသော်လည်းပဲ ဒီနေ့ထိ အဲဒီကလေးက ခလရ ၄၁ ကနေ၊ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူး၊ အဲဒီလိုမရှိသေးတော့ အိုင်အယ်လ်အိုနဲ့ တည်ဆဲအစိုးရများ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီမှုတွေက ပျက်ပြယ်သွားသလိုများ ဖြစ်နေသလား။ အစိုးရကိုယ်တိုင် ထုတ်ပြန်ထားတဲ့ အဓမ္မ စစ်သား စုဆောင်းမှုမပြုရဆိုတဲ့ အချက်ရယ်၊ ကလေးစစ်သားတွေကို စုဆောင်းမယ်ဆိုရင် ၁၃/၇၃ အရ ပုဒ်မ ၃၇၄နဲ့ တိုင်တန်းလာရင် ထိရောက်စွာအရေးယူမယ် ဆိုတာမျိုးတွေပါတယ်။ သို့သော် အခုထိ ကလေးစစ်သားတွေက စစ်တပ်တွေထဲမှာ ရှိနေတယ်ဆိုတာ ခိုင်ခိုင်မာမာ အတိအကျကို ဖော်ပြလို့ ရနေတဲ့ အနေအထားမျိုး ရှိတယ်။”

HRDP အဖွဲ့မှာ လာရောက်အကူအညီ တောင်းခံထားတဲ့ ကလေးစစ်သား အဖြစ် စုဆောင်းခံထားရသူ  ၄ ဦး ရှိပြီး အဲဒီလေးတွေဟာ လက်ရှိ တပ်တွင်းမှာ ရှိနေဆဲပဲလို့ ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှေ့တန်းစစ်မျက်နှာမှာ ပေါ်တာအဖြစ် ခိုင်းစေမှုမလုပ်ဖို့နဲ့ ကလေးစစ်သား မစုဆောင်းဖို့၊ ကျူးလွန်သူတွေကို အရပ်ဘက်ဥပဒေအတိုင်း အရေးယူမယ်လို့ ညွှန်ကြားထားကြောင်း အိုင်အယ်လ်အိုအကြီးအကဲရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း ကတိက၀တ်ပြု ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013