DVB Logo
Home
မြန်မာသတင်း
ကျောက်နီမော်အမှု သေဒဏ်ချမှတ်
DVB
·
June 18, 2012
Donate to DVB

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု၊ သပြေချောင်းရွာသူ မသီတာထွေးကို သတ်ဖြတ်ခဲ့သူ နှစ်ဦးကို ဇွန် ၁၈ရက် တနင်္လာနေ့ မနက်ပိုင်းမှာ ကျောက်ဖြူခရိုင် တရားရုံးက သေဒဏ် ချမှတ်လိုက်ပါတယ်။

စီရင်ချက်ချခဲ့တဲ့ ကျောက်ဖြူခရိုင် တရားရုံးကို ကိုယ်တိုင်သွားရောက် နားထောင်ခဲ့တဲ့ ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က “မုဒိမ်း၊ လူသတ်၊ လုယက်မှုနဲ့ ပတ်သက်ပြီးတော့ တရားခံ ၂ ယောက် ကျန်နေသေးတယ်။ လှဝင်း (ခ) မာမက်ရော်ဖိ နဲ့ နောက် တယောက်ဖြစ်တဲ့ မြင့်ဆွေ (ခ) မြင့်ရွှေ (ခ) လုလုတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၁/ဂ) အရ သေဒဏ်အမိန့် ချမှတ်တယ်” လို့ ပြောပါတယ်။

ကျောက်ဖြူခရိုင်၊ တရားသူကြီး ဒေါ်ဌေးဌေးကြည်က စီရင်ချက်ချမှတ်ခဲ့တာလို့ ဦးဘရှိန်က ပြောပါတယ်။ အမှုကို ဇွန် ၈ရက်က စတင်စစ်ဆေးခဲ့တာဖြစ်ပြီး ၁၀ ရက်အတွင်း အခုလို စီရင်ချက် ချမှတ်ခဲ့ တာ ဖြစ်ပါတယ်။

ပြစ်မှုကျုးလွန်သူ ၃ ဦးရှိတဲ့ထဲ ထက်ထက် ဆိုသူကတော့ အမှုစစ်နေတုန်း ထောင်အချုပ်တွင်း သူ့ဘာသာသူ အဆုံးစီရင်သွားခဲ့ပါတယ်။

မသီတာထွေးဟာ မေ ၂၈ ရက် က ကျောက်နီမော်ကျေးရွာကနေ သပြေချောင်းရွာကို စက်ချုပ်သင်ပြီး ပြန်လာစဉ်၊ ကျောက်ထရံ ကျေးရွာနားအရောက်မှာ လူ ၃ ဦးက မသီတာထွေးကို  မုဒိန်းကျင့်၊ လုယက်၊ သတ်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို ပြစ်မှု ကျုးလွန်သူတွေကို အမြန်ဆုံးဖော်ထုတ် အရေးယူဆောင်ရွက်ပေးခဲ့တဲ့ ရဲတပ်ဖွဲ့ကို ကျေးဇူးတင်တယ် လို့ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန် က ပြောပါတယ်။

“ဒီလိုအမှုမျိုးကို အချိန်တိုအတွင်း ဖော်ထုတ်နိုင်တာ အင်မတန်ကံကောင်းတယ်။ တကယ်လို့ အချိန်တိုအတွင်းမှာ မဖော်ထုတ်နိုင်ဘူးဆိုရင် တခြားမလိုအပ်တာတွေ ဖြစ်ပွားသွားနိုင်တယ်။ အခုကတော့ မြန်မြန်ဆန်ဆန် ရက်ပိုင်းအတွင်းမှာပဲ တရားခံတွေ ဖမ်းဆီးတယ်။ သက်သေခံ ပစ္စည်းတွေ သိမ်းဆည်းတယ်။ သက်သေတွေကို စစ်ဆေးတယ်။ ၁၀ ရက် ပတ်ဝန်းကျင်လောက်နဲ့ အမှုကို စွဲတင်နိုင်တယ်ဆိုတာ ဒါအင်မတန်ကို ကြိုးကြိုးစားစားနဲ့ လုပ်တယ်ဆိုတာ အန်ကယ်လ်ကတော့ ရဲတပ်ဖွဲ့တွေကို ချီးကျူးချင်တယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013