DVB Logo
Home
မြန်မာသတင်း
လူထုဘက်ကရပ်ခဲ့​သည့်​ သတင်း​စာဆရာ လူထုစိန်ဝင်း​ ကွယ်လွန်
DVB
·
June 18, 2012
လူထုဘက်ကရပ်ခဲ့​သည့်​ သတင်း​စာဆရာ လူထုစိန်ဝင်း​ ကွယ်လွန်
Donate to DVB

မြန်မာသတင်း​စာ​လောကမှာ ဩဇာရှိပြီး​ ချစ်ခင်​လေး​စား​ကြတဲ့​ သတင်း​စာ ဆရာကြီး​ လူထုစိန် ဝင်း​ဟာ ကျန်း​မာ​ရေး​အ​ခြေအ​နေ ဆိုး​ရွား​လာတာ​ကြောင့်​ ရန်ကုန်မြို့​ ​ရွှေဂုံတိုင် SSC အထူး​ ကု​ဆေး​ရုံမှာ တက်​ရောက်ကုသ​နေစဉ် မ​နေ့​ည ၁၁ နာရီခွဲ​လောက်က ကွယ် လွန်သွား​ပါတယ်။

[caption id="attachment_26750" align="alignleft" width="300" caption="လူ​ထု​စိန်​၀င်း​"][/caption]

လူထုစိန်ဝင်း​ ဈာပနကို ကူညီလုပ်ကိုင်​ပေး​နေတဲ့​ တပည့်​သား​ချင်း​တဦး​က “ဆရာ မ​နေ့​ည ၁၁နာရီခွဲက ဆုံး​သွား​ပါတယ်။ မ​နေ့​မနက်က ၁ဝနာရီခွဲ​လောက်က ​ဆေး​ရုံတင်တာပါ။ ဆရာ ​နေမ ​ကောင်း​တာက​တော့​ မတ်လ​လောက်ကတည်း​က ​နေမ​ကောင်း​နေတာ။ စာ မ​ရေး​နိုင်တာလည်း​ ၂ လ​လောက်ရှိပါပြီ။ အရင်ရှိတဲ့​ ​ရောဂါအခံနဲ့​ပဲဆုံး​သွား​တာ” လို့​ပြောပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့​ လူထုစိန်ဝင်း​ဟာ ​လေဖြတ်​ဝေဒနာ နှစ်​ပေါင်း​ များ​စွာ ခံစား​နေရကာ ​အောက်ဆီဂျင်ပိုက်နဲ့​ အသက်ဆက်​နေရသူ ဖြစ်ပါတယ်။ သူ့​ရဲ့​ဈာပနကို အင်္ဂါ​နေ့​မွန်း​လွဲ ၂ နာရီ​လောက် ​ရေ​ဝေး​သုသာန်မှာ မီး​သင်္ဂြုဟ်ဖို့​ အစီအစဉ်ရှိပါတယ်။

လူထုစိန်ဝင်း​ ကွယ်လွန်သွား​တာနဲ့​ ပတ်သက်ပြီး​ စာ​ရေး​ဆရာကြီး​ ဒဂုန်တာရာက​တော့​ လူထုစိန်ဝင်း​ဟာ အမှန်ကိုမြင်တဲ့​ ပြည်သူ့​ဘက်က ရပ်တည်ခဲ့​တဲ့​ သတင်း​စာဆရာတဦး​ ဖြစ်တယ်လို့​ပြောပါတယ်။

“ကိုစိန်ဝင်း​က ကျ​နော်သိပ်အရင်း​နှီး​ဆုံး​ပေါ့​။ သူဆုံး​သွား​တော့​ ကျ​နော်စိတ်မ​ကောင်း​ဖြစ်ပါတယ်။ သူက ပြည်သူ​တွေဘက်က ရပ်တည်ခဲ့​တာပဲ။ ခုလို ဆုံး​သွား​တဲ့​အတွက် သူ့​နေရာမှာ အစား​ထိုး​ဖို့​ခက်တယ်။ အစား​ထိုး​လို့​ မရဘူး​။ သတင်း​စာဆရာတ​ယောက်အ​နေနဲ့​က​တော့​ လူ​ကောင်း​တ​ယောက်ပဲ။ အမှန်ကိုမြင်တယ် မြင်လည်း​မြင်တယ်။ တိုင်း​ပြည် အကျိုး​ပြုတဲ့​အထဲမှာပါတဲ့​ လူတ​ယောက်ပဲ။”

သတင်း​စာဆရာကြီး​ ဦး​ဝင်း​တင်က​တော့​ လူထုစိန်ဝင်း​ဟာ အမှန်တရား​ဘက်က ရပ်ရုံတင်မက အမှား​တရား​တွေကို တိုက်ဝံ့​တဲ့​သူဖြစ်တယ်လို့​ မှတ်ချက်​ပေး​ပါတယ်။

“ကိုစိန်ဝင်း​ဟာ အမြဲတမ်း​ အမှန်တရား​ဘက်က ရပ်ရုံတင်မဟုတ်ဘူး​ အမှား​တရား​ကို တိုက်ဝံ့​တဲ့​လူ။ အမှန်ဘက်ကရပ်ဝံ့​တယ်။ ရပ်တယ်။ ရပ်ရုံတင်မဟုတ်ဘူး​၊​ အမှား​တွေများ​နေတဲ့​အခါမှာ အမှား​ကိုတိုက်ဝံ့​တယ်။ ​နောက်တချက်က​တော့​ အ​ပြောင်း​အလဲကို ​တောင်း​ဆိုရဲတဲ့​လူဖြစ်တယ်လို့​ ကျ​နော်​ပြောချင်ပါတယ်။ ပြည်သူ့​ဘက်က​နေရပ်ခဲ့​တဲ့​ သတင်း​စာဆရာ၊​ အမှား​တရား​ကို တိုက်ခဲ့​တဲ့​သတင်း​စာဆရာ၊​ အမှန်တရား​ဘက်ကရပ်ခဲ့​တဲ့​ သတင်း​စာဆရာ၊​ အ​ပြောင်း​အလဲ​တွေကို ​တောင်း​ဆိုရဲတဲ့​ သတင်း​စာဆရာအ​နေနဲ့​ ကွယ်လွန်သွား​ပြီ။ သတင်း​စာ ဆရာတဦး​ ကွယ်လွန်သွား​တာ တိုင်း​ပြည်အတွက်လည်း​ ဆုံး​ရှုံး​မှု၊​ လူ့​ဘောင်လူ့​အဖွဲ့​အစည်း​အတွက်လည်း​ ဆုံး​ရှုံး​မှု၊​ ပြည်သူပြည်သား​တွေအတွက်လည်း​ ဆုံး​ရှုံး​မှုဖြစ်တယ်။ အဲဒါအတွက် စိတ်မ​ကောင်း​ဖြစ်တာနဲ့​အတူ ​ပြောချင်တာက​တော့​ ရှိတ်စပီး​ယား​ပြဇာတ် ထဲကလို​ပေါ့​ဗျာ။ ကိုစိန်ဝင်း​ကား​သေ​လေပြီ။ သက်​တော်ရာ​ကျော်ရှည်ပါ​စေသတည်း​လို့​ အဲသလိုပဲ ဆု​တောင်း​ရ​တော့​မှာပဲ။ ကိုစိန်ဝင်း​ ကွယ်လွန်သွား​တယ်။ သို့​သော် ကိုစိန်ဝင်း​ အယူအဆ​တွေ၊​ သ​ဘောထား​တွေ စံနမူနာ​တွေ၊​ ရပ်တည်ချက်​တွေ၊​ သူ့​ရဲ့​လမ်း​ပြချက်​တွေဟာဖြင့်​ ဆက်ပြီး​တော့​ သက်​တော်ရာ​ကျော်ရှည်ပါ​စေလို့​ကျ​နော်ဆု​တောင်း​ပါတယ်။”

လူထုဦး​လှနဲ့​လူထု ​ဒေါ်အမာတို့​ရဲ့​ သား​ဖြစ်သူ စာ​ရေး​ဆရာ ညီပု​လေး​က​တော့​ လူငယ်​တွေအတွက် စံနမူနာယူစရာ သတင်း​စာသမား​တဦး​ဖြစ်တယ်လို့​ပြောပါတယ်။

“အ​ဖေတို့​ အ​မေတို့​ လူထုတိုက်က​နေ အနုပညာ​လောကမှာ အ​ဖေတို့​ အ​မေတို့​ရဲ့​ တူ၊​ သား​တွေ ထွက်​ပေါ်ခဲ့​တယ်ဗျ။ အဲ့​ပုဂ္ဂိုလ်​တွေက သူတို့​ကျရာ နယ်ပယ်​တွေမှာ တာဝန်​ကျေခဲ့​ကြတယ်။ အဲ့​အထဲမှာ ဆရာလူထုစိန်ဝင်း​ကလည်း​ တ​ယောက်အပါအဝင် ဖြစ်တယ်ဗျ။ သတ္တိ ​ပြောင်တယ်ဗျ။ က​လောင်စကား​ထက်တယ်ဗျ။ စာ​ပေဩဇာကြီး​တယ်။ စာဖတ်ပရိသတ်​တွေရဲ့​ ​မေတ္တာကို အများ​ကြီး​ခံယူရတဲ့​လူဗျ။ ​နောက် သူအလုပ်​တွေအများ​ကြီး​ လုပ်သွား​တယ်ဗျ။ ​ဆောင်း​ပါး​တွေ မ​ရေမတွက်နိုင်ဘူး​ထင်တယ်။ သူ့​လုပ်ရပ်​တွေ ရပ်တည်ချက်​တွေကို ကျ​နော်ဟာ ​လေး​စား​တယ်။ အား​ကျတယ်။ ​နောက် မျိုး​ဆက်​တွေ စာနယ်ဇင်း​ဖွံ့​ဖြိုး​လာတဲ့​အခါ ​နောက်မျိုး​ဆက် စာနယ်ဇင်း​သမား​တွေ ဆရာ့​ကို အား​ကျဖို့​ အတုယူဖို့​ကောင်း​တယ်။ ဆရာနမူနာ​ကောင်း​တွေ အများ​ကြီး​ပြခဲ့​တာဗျ။ ဆရာ ဆုံး​တာဟာ နိုင်ငံ​ရေး​စာ​ပေနယ်​ရော၊​ စာနယ်ဇင်း​နယ်​ရော အလွန်ကိုကြီး​မား​တဲ့​ ဆုံး​ရှုံး​မှုကြီး​လို့​ ကျ​နော်​တော့​ ခံစား​ရတယ်ဗျ။”

လူထုစိန်ဝင်း​ကို မန္တ​လေး​မြို့​မှာ ၁၉၄ဝ ပြည့်​နှစ်၊​ ဩဂုတ် ၁၃ ရက်​နေ့​မှာ ​မွေး​ဖွား​ခဲ့​ပြီး​ မန္တ​လေး​နဲ့​ ရန်ကုန် တက္ကသိုလ်​တွေမှာ ပညာဆည်း​ပူး​ခဲ့​ပါတယ်။ လူထု သတင်း​စာတိုက် မန္တ​လေး​နဲ့​ ရန်ကုန် တိုက်ခွဲ​တွေမှာ အယ်ဒီတာ အဖွဲ့​ဝင်တဦး​အဖြစ် တာဝန်ယူခဲ့​ပြီး​ ၁၉၆၇ ခုနှစ် လူထုသတင်း​စာ တိုက်ပိတ် ခံရချိန်ထိ တာဝန်ထမ်း​ဆောင်ခဲ့​ပါတယ်။

၁၉၆၉ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး​နေဝင်း​ ​ခေါင်း​ဆောင်တဲ့​ အာဏာသိမ်း​ ​တော်လှန်​ရေး​ကောင်စီ အစိုး​ရလက်ထက်မှာ ဖမ်း​ဆီး​ခံရပြီး​ ကိုကိုး​ကျွန်း​ကို ပို့​ဆောင် ထိန်း​သိမ်း​ခံခဲ့​ရတဲ့​ နိုင်ငံ​ရေး​ အကျဉ်း​ သား​တွေထဲမှာ တဦး​အပါအဝင် ဖြစ်ပါတယ်။ ​နောက်ပိုင်း​မှာ အင်း​စိန်​ထောင်မှာ ​ပြောင်း​ ​ရွှေ့​ထိန်း​သိမ်း​ခံခဲ့​ရပါတယ်။

ထောင်ကပြန်လွတ်လာပြီး​နောက် ​လေဖြတ်​ဝေဒနာ​ကြောင့်​ ခန္ဓာကိုယ် ညာဘက် တခြမ်း​ ​သေသွား​ခဲ့​ပေမယ့်​ ဘယ်လက်နဲ့​ စာ​ရေး​ ​လေ့​ကျင့်​ကာ လူငယ်​တွေ၊​ အမျိုး​သမီး​တွေအတွက် ဘဝအား​ မာန် ဖြစ်​စေတဲ့​ အ​ကြောင်း​တွေ၊​ မြန်မာ့​အ​ရေး​နဲ့​ နိုင်ငံတကာ​ရေး​ရာ​တွေကို ပြည်တွင်း​ထုတ် ဂျာနယ်​တွေ၊​ မဂ္ဂဇင်း​တွေမှာ မကွယ်လွန်ခင် လပိုင်း​အချိန်ထိ အဆက်မပြတ် ​ရေး​သား​ခဲ့​သူဖြစ်ပါတယ်။

စာ​ရေး​ရာမှာ ဝင်း​ဇော်၊​ ဇာမဏီ စတဲ့​ က​လောင်ခွဲ​ပေါင်း​ ၁၅ ခု​လောက် အသုံး​ပြုခဲ့​ပြီး​ ဘာသာပြန်နဲ့​ ပင်ကိုယ်​ရေး​ အပါအဝင် စာအုပ်​ပေါင်း​ ၂ဝ ​ကျော် ထုတ်​ဝေခဲ့​ပါတယ်။

လူထုစိန်ဝင်း​ ​ရေး​သား​ခဲ့​တဲ့​ ထင်ရှား​တဲ့​ဘာသာပြန် စာအုပ်​တွေက​တော့​ ​တောင်ဗီယက်နမ်မှ ငရဲခန်း​များ​၊​ အလံမလှဲ စတမ်း​၊​ အဖြူနဲ့​အဝါ၊​ အဖြူနဲ့​အမဲ စတဲ့​စာအုပ်​တွေ ဖြစ်ပါတယ်။ ပင်ကိုယ်​ရေး​ ဝတ္ထုထဲမှာ ​စောမိုခမ်း​ ဝတ္ထုဟာ ထင်ရှား​သော လက်ရာတခု ဖြစ်ပါ တယ်။ သတင်း​စာပညာနဲ့​ ပတ်သက်ပြီး​လည်း​ စာနယ်ဇင်း​ အ​ရေး​အသား​ ပုံစံသစ်၊​ သတင်း​စာ ပညာ ​သောင်း​ပြောင်း​ထွေလာ စတဲ့​စာအုပ်​တွေ ထုတ်​ဝေခဲ့​ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်လွတ်​မြောက်​ရေး​အတွက် ပြည်သူဘက်က အစဉ်ရပ်တည်ပြီး​ ​ဝေဖန်​ရေး​သား​ ​ပြောဆို​လေ့​ရှိသလို အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ကိုလည်း​ ​ဝေဖန် ​ထောက်ပြမှု​တွေ ပြုလုပ်ခဲ့​ဖူး​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013