Home
မြန်မာသတင်း
ရခိုင်လူငယ်ညီလာခံကို တောင်ကုတ်မြို့တွင် စတင်ကျင်းပ
DVB
·
May 1, 2018
31674345_232740220611307_181795885351436288_n
31673015_232740267277969_2744543716290068480_n
31662214_232740083944654_3759402225856675840_n
31576693_232740047277991_3453712876366200832_n
31562308_232740113944651_2526905667428548608_n
  ရခိုင်လူငယ်ညီလာခံကို ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ မြို့မဘောလုံးကွင်းမှာ မေလ ၁ ရက်မနက်က စတင်ဖွင့်လှစ်လိုက်ပြီး ကဏ္ဍအလိုက် ဆွေးနွေးပွဲတွေပြုလုပ်နေပါတယ်။ မြို့နယ်ပေါင်းစုံက ရခိုင်လူငယ်တွေစုဝေးပြီး ကဏ္ဍအလိုက်ခေါင်းစဉ်တွေခွဲပြီး ဆွေးနွေးကြ ဖို့၊ ရခိုင်ပြည်နယ်ရဲ့ အနာဂတ်အတွက် လိုအပ်ချက်တွေကို လူငယ်တွေ ပါဝင်အားလာဖြည့်နိုင်ဖို့ ရည်ရွယ်ကျင်းပနေတာပါ။ လူငယ်ညီလာခံ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုကောင်းမြတ်ကျော်က "ရခိုင်ဒေသက ကဏ္ဍအသီးသီးမှာ ယိုယွင်း အားနည်းလာနေတယ်။ နိုင်ငံရေး၊ လူမှုရေး စသဖြင့် ကဏ္ဍတိုင်းမှာ လူငယ်တွေ ကွင်းဆက်ပြတ်ကျန်ခဲ့တယ်။ ဒီလိုအပ်ချက် အားနည်းချက်တွေကို ဘယ်လိုပုံစံမျိုးနဲ့ ဝိုင်းဝန်းဖြည့်ဆည်းနိုင်မလဲဆိုတာ ဆွေးနွေးကြဖို့ လူငယ်ညီလာခံကိုကျင်းပရတာပါ"လို့ ပြောပါတယ်။ ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ် မြို့နယ်အစုံ၊ ရန်ကုန်၊ မန္တလေး၊ ပလက်ဝ၊ ဖားကန့်နဲ့ ဧရာဝတီတိုင်းတွေက ရခိုင်လူငယ် ကိုယ်စားလှယ်များတွေက ကဏ္ဍအလိုက် ဆွေးနွေးကြမှာပါ။ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က "ကျနော်တို့ ဒီလူငယ်တွေကို အရောင်အသွေး မစွန်းစေချင်ဘူး။ အခုဆို ဒီထဲမှာ NLD၊ ANPနဲ့ USDP ပါတီအစုံက လူငယ်တွေလည်းပါကြတယ်။ ဒါပေမယ့် နိုင်ငံရေး ပယောဂ မပါပဲနဲ့ ဖြူစင်တဲ့ လူငယ်တွေရဲ့ ရင်ထဲမှာ ကျနော်တို့ အနာဂတ်ကို ဖြူဖြူစင်စင် ရစေချင်ပါတယ်" လို့ပြောတယ်။ မေ ၁ ရက်နေ့မှ ၅ ရက်နေ့အထိကျင်းပမယ့် ရခိုင်လူငယ်ညီလာခံမှာ လူငယ်နှင့် နိုင်ငံရေး၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်းစတဲ့ ကဏ္ဍတွေကို လူငယ်ကိုယ်စားလှယ် ၂ဝဝ ကျော် ဝိုင်းဖွဲ့ ဆွေးနွေးကြမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024