အနည်းဆုံးလုပ်ခလစာ သတ်မှတ်ချက်ကို အစိုးရက လက်မှတ်ရေးထိုးပေးရန် ဆန္ဒပြတောင်းဆို
DVB
·
May 1, 2018
မေဒေးနေ့ချီတက်ပွဲနဲ့ ဆန္ဒပြပွဲကို မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ဒီကနေ့မနက်က မန္တလေးမြို့မှာ ပြုလုပ်သွားပါတယ်။
အလုပ်သမားတွေက ပြည်ကြီးတံခွန်မြို့နယ် MICS ရုံးမှ ၆၂လမ်း၊ လမ်း ၄၀ ရှိ မနော်ရမ္မန်လူထုဟစ်တိုင်ထိ လမ်းလျှောက်ချီတက်ခဲ့ကြပြီး အနည်းဆုံးလုပ်ခလစာ သတ်မှတ်ချက်ကို အစိုးရက အမြန်ဆုံး လက်မှတ်ရေးထိုးပေးရေး အပါအဝင် ကြွေးကြော်သံ ၅ ချက်နဲ့ ချီတက်တောင်းဆိုခဲ့ကြတာပါ။
အလုပ်သမားတရားရုံးတွေ ပေါ်ပေါက်လာပြီး အပြစ်ရှိတဲ့ အလုပ်သမား၊ အလုပ်ရှင်တွေကို ထိရောက်စွာ အပြစ်ပေးရေးတို့နဲ့ ငွေဒဏ်အစား ထောင်ဒဏ်ချမှတ်ပေးတို့ကိုလည်း အဓိက တောင်းဆိုခဲ့ကြပါတယ်။