ဂျင်းကောင်မှ ဖိုးရှိတ်အဖြစ် မြင်တွေ့ရမည့် အကယ်ဒမီမြင့်မြတ်၏ ဟာသရုပ်ရှင် (နမူနာ)
DVB
·
May 1, 2018
ဂျင်းကောင်ဆိုပြီး ပရိသတ်တွေက ချစ်စနိုးအမည်ပေးထားကြတဲ့ သရုပ်ဆောင် အကယ်ဒမီ မြင့်မြတ်ပါဝင်တဲ့ “ဖိုးရှိတ်”ရုပ်ရှင်ဇာတ်ကားကို မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
မြင့်မြတ်ဟာ မကြာသေးခင်ကမှ အကယ်ဒမီ ပူပူနွေးနွေးရရှိထားသူဖြစ်ပြီး ပရိသတ်တွေ အားပေးချစ်ခင်ကြတဲ့ သရုပ်ဆောင်တဦးဖြစ်ကာ ဒီကားထဲမှာတော့ အမျိုးသမီးသရုပ်ဆောင် သဉ္ဇာနွယ်ဝင်းနဲ့အတူ ခေါင်းဆောင်ပါဝင်ထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားကို ထုတ်လုပ်တဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကတော့ ‘ဆောင်းညပြာသို’ ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်ပါတယ်။
မူပိုင်နှင်းဆီရဲ့ ဇာတ်လမ်းကို နေခြည်အောင်သစ်က ဇာတ်ညွှန်းခွဲပြီး ဒါရိုက်တာ နေပိုင်က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
ဟာသဇာတ်မြူးကားတကားအဖြစ် ပုံဖော်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာ မြင့်မြတ်၊ သဉ္ဇာနွယ်ဝင်းတို့နဲ့အတူ တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ ခင်လှိုင်၊ ဒိန်းဒေါင်၊ ထူးမွန် စတဲ့ သရုပ်ဆောင်ပေါင်းများစွာ အားဖြည့်ထားကြတာ ဖြစ်ပါတယ်။
ဒီကားကိုတော့ လာမယ့် မေလ ၁၈ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပြီး ကျေးလက်သဘာဝ ဟာသဇာတ်ကွက်တွေနဲ့ ပုံဖော်ရိုက်ကူးထားခဲ့တာကို တွေ့ရမှာပါ။