DVB Logo
Home
မြန်မာသတင်း
ကျောင်း​သား​သမဂ္ဂခွဲများ​ တိုင်း​အား​လုံး​နီး​ပါး​တွင် ဖွဲ့​စည်း​နိုင်ပြီ
DVB
·
June 17, 2012
ကျောင်း​သား​သမဂ္ဂခွဲများ​ တိုင်း​အား​လုံး​နီး​ပါး​တွင် ဖွဲ့​စည်း​နိုင်ပြီ
Donate to DVB

မြန်မာနိုင်ငံတဝှမ်း​လုံး​က တိုင်း​အား​လုံး​နီး​ပါး​မှာ ​ကျောင်း​သား​သမဂ္ဂ​တွေကို ဖွဲ့​စည်း​ထား​ပြီလို့​ ဗမာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​သမဂ္ဂ ​ပေါ်​ပေါက်​ရေး​ ကြိုး​ပမ်း​နေတဲ့​ ဗကသ (ဗဟို)ရဲ့​ ​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ကို​ကျော်ကိုကိုက ​ပြောပါတယ်။

[caption id="attachment_26739" align="alignleft" width="300" caption="​ကျော်​ကို​ကို"][/caption]

တနင်္သာရီတိုင်း​ကလွဲလို့​ တိုင်း​အား​လုံး​နဲ့​ ပြည်နယ်​တွေမှာဆိုရင် ရှမ်း​နဲ့​ မွန်ပြည်နယ်​တွေမှာ ဖွဲ့​စည်း​ထား​ပြီး​လို့​ ဆိုပါတယ်။

“ခရိုင်အ​နေနဲ့​ ၁၆ ခရိုင်​လောက်ရှိပြီ၊​ ဒီ​နေ့​ ​တောင်ဒဂုံတင်မကဘူး​၊​ ရှမ်း​ပြည်​မြောက်ပိုင်း​မှာလည်း​ လား​ရှိုး​အ​ခြေစိုက် သမဂ္ဂတခုဖွဲ့​တယ်။ ရှမ်း​ပြည်​မြောက်ပိုင်း​ သမဂ္ဂကို လား​ရှိုး​မှာဖွင့်​လိုက်ပြီလို့​ သတင်း​ရတယ်။ ပြည်နယ်​တွေမှာက အထူး​သဖြင့်​ ရှမ်း​ပြည်နယ် ​တောင်ကြီး​နဲ့​လား​ရှိုး​ ၂ ခုမှာ ရှမ်း​ပြည်၊​ ​တောင်ပိုင်း​နဲ့​ ​မြောက်ပိုင်း​မှာ ဖွဲ့​နိုင်တယ်။ ​မော်လမြိုင် မွန်ပြည်နယ်မှာ မွန်​ကျောင်း​သား​တွေ မွန်တိုင်း​ရင်း​သား​ လူငယ်​တွေပါတဲ့​ ​ကျောင်း​သား​တွေနဲ့​ ​မော်လမြိုင်မြို့​မှာရှိတဲ့​ ​ကျောင်း​သား​တွေကို စည်း​ရုံး​ထား​တယ်။ သူတို့​ကလည်း​ ဖွဲ့​ဖို့​ဆန္ဒရှိကြတယ်။ လာမယ့်​ ၇ လပိုင်း​မှာ ဖွဲ့​ဖို့​များ​တယ်။ ကျန်တဲ့​တိုင်း​တွေမှာ အသစ်တခုထပ်ရမှာက တနင်္သာရီတိုင်း​ ထား​ဝယ်​ပေါ့​၊​ ထပ်ဖွဲ့​ဖို့​ရှိတယ်။ အဆင်သင့်​ဖြစ်ရင် သွား​ပေး​ရမယ်။ ရခိုင်ပြည်နယ်ဘက်ကိုလည်း​ သွား​ဖို့​အစီအစဉ်ရှိတယ်။ အ​ခြေအ​နေ​ပေါ်မူတည်ပြီး​ ​ခေတ္တ​စောင့်​ကြည့်​နေတာပါ။”

အခုဖွဲ့​တာက ​ကျောင်း​တက်​နေတဲ့​ ​ကျောင်း​သား​တွေနဲ့​လား​။

“ဟုတ်ပါတယ်။ ​ကျောင်း​တက်​နေတဲ့​ကျောင်း​သား​တွေနဲ့​ပါ။ အများ​စုက​တော့​ နည်း​ပညာတက္ကသိုလ်၊​ ​ကျောင်း​သား​တွေများ​တယ်။ ဝိဇ္ဇာ၊​ သိပ္ပံတက္ကသိုလ်က ​ကျောင်း​သား​တွေပါတယ်။”

ကျောင်း​ပြန်တက်ခွင့်​ရတယ်ဆိုတဲ့​ အ​နေအထား​က တကယ်လား​ဗျ။

“​ကျောင်း​ပြန်တက်ခွင့်​ကို အခုချိန်ထိ တိတိကျကျ သိခွင့်​မရ​သေး​ဘူး​။ ပြန်တက်ခွင့်​ရတဲ့​ လူ​တွေကလည်း​ ​မော်ကွန်း​ထိန်း​အဆင့်​က ​ခေါ်​ပြောတယ်လို့​ပဲ ကြား​တယ်။ ဘယ်အချိန်မှာပြန်အပ်ရမယ်၊​ ဘယ်အချိန်မှာ ဘယ်လိုလုပ်ငန်း​စဉ်​တွေနဲ့​ အချိန်​တွေနဲ့​ လုပ်ရမယ်ဆိုတာ အတိအကျ မလာ​သေး​ဘူး​။ ​နောက်တချက်က ​ကျောင်း​ပြန်တက်ခွင့်​ရလည်း​ ခံဝန်ကတိ​တွေ၊​ ခံဝန်ချုပ်​တွေ လက်မှတ်ထိုး​ရတာ​တွေနဲ့​ သမဂ္ဂအဖွဲ့​နဲ့​ ကင်း​ရှင်း​ကြောင်း​ဆိုတဲ့​ ဟာမျိုး​တွေ ချုပ်ချယ်ထား​တယ်ဆိုရင် ကျ​နော်တို့​အဖွဲ့​တွေက ​ကျောင်း​ပြန်တက်ဖို့​ အစီအစဉ်​တွေကို အဲဒီပုံစံနဲ့​ ဆိုရင်​တော့​ လက်ခံမှာမဟုတ်ဘူး​လို့​ ဆုံး​ဖြတ်ထား​ပါတယ်။”

အခု​ကျောင်း​ပြန်တက်ဖို့​ဆိုတဲ့​ သမဂ္ဂ ​ခေါင်း​ဆောင်​တွေထဲမှာ ဘယ်နှ​ယောက်​လောက် ရှိ​နေလဲခင်ဗျ။

“အခုချိန်မှာ ​ကျောင်း​ပြန်တက်ဖို့​ ကြိုး​စား​နေတဲ့​ သမဂ္ဂ ​ခေါင်း​ဆောင်​တွေထဲမှာ အ​ဝေး​သင် တက်မယ်ဆိုရင်​တော့​ ဘယ်​ကျောင်း​သား​မဆို လက်ခံတယ်။ ​နေ့​ကျောင်း​ပြန်တက်ဖို့​ ကြိုး​စား​တဲ့​သူ​တွေ​တော့​ လက်သင့်​မခံ​သေး​ဘူး​။ ကျ​နော်တို့​ထဲမှာ ​နေ့​ကျောင်း​တက်ဖို့​ ​လျှောက်ထား​တာ ၃၊​ ၄ ​ယောက်​လောက်ရှိတယ်။ ဒါက ဗဟိုလုပ်ငန်း​ကော်မတီက ​ပြောတာ။ ပြန်တက်တဲ့​ကျောင်း​သား​တွေက​တော့​ အကျဉ်း​ထောင်က လွတ်လာတာမဟုတ်ဘဲနဲ့​ လက်ရှိ​ကျောင်း​တက်​နေတဲ့​ ​ကျောင်း​သား​တွေဖြစ်တဲ့​အတွက် ခရိုင်အသီး​သီး​၊​ နယ်အသီး​သီး​က ​ကျောင်း​သား​တွေက ပြန်အပ်စရာမလိုပဲ သူ့​ဟာသူ ဆက်တက်​နေတဲ့​အတန်း​ကို ပုံမှန်ဆက်သွား​နေတာပါ။”

ကို​ကျော်ကိုကို​ကော ပြန်တက်ဖို့​ ရှိပါသလား​။

“ပြန်တက်ခွင့်​ရမယ်ဆိုရင်​တော့​ မဟာတန်း​အလွန်ဆို​တော့​ ​နောက်ထပ် ​လေ့​လာစရာ အမ်ဘီ​အေလိုမျိုး​၊​ မဟာစီး​ပွား​ရေး​ပညာ​ပေါ့​၊​ အဲဒါကို ဆက်​လေ့​လာမယ်ဆိုရင်​တော့​ ရမယ်။ ​လော​လောဆယ်မှာ ပြီး​ခဲ့​တဲ့​ မဟာတန်း​ရဲ့​ ဘွဲ့​ကို​တောင် မရ​သေး​ဘူး​ဖြစ်​နေတယ်။”

ဘွဲ့​လက်မှတ်က သူတို့​မထုတ်​ပေး​သေး​တာလား​။

“ဘွဲ့​လက်မှတ်က သူတို့​အခုထိ ထုတ်မ​ပေး​သေး​တာ။”

ဒီ​နေ့​မှာပဲ ဖွဲ့​စည်း​လိုက်တဲ့​ ပဲခူး​တိုင်း​ ​တောင်ငူ ​ကျောင်း​သား​သမဂ္ဂရဲ့​ ဥက္ကဋ္ဌ ကို​ကောင်း​ထက်​ကျော်က ​ကျောင်း​သား​အခွင့်​အ​ရေး​အတွက် ကြိုး​ပမ်း​သွား​မယ့်​အ​ကြောင်း​ ​ပြောပါတယ်။

“ကျ​နော့်​အ​နေနဲ့​ ခရိုင်ကယူတဲ့​အခါမှာ ကျ​နော်တို့​ ဒီခရိုင်အတွင်း​မှာရှိတဲ့​ ​ကျောင်း​တွေမှာရှိတဲ့​ ​ကျောင်း​သား​တွေရဲ့​ ဆုံး​ရှုံး​တဲ့​အခွင့်​အ​ရေး​တွေကို ဗကသ အ​နေနဲ့​ ​တောင်း​ဆို​ပေး​မယ်။ လက်ရှိမှာလည်း​ ​တောင်း​ဆိုထား​တာ​တွေရှိတယ်။ ကျ​နော်တို့​ ​ကျောင်း​ဖယ်ရီ​တွေ မ​လောက်တဲ့​ကိစ္စ၊​ ​ကျောင်း​သား​တွေ မိုး​ရေထဲမှာ အ​နောက်က​နေ ခိုစီး​ရတယ်။ ​ကျောင်း​သူ​တွေကို အဝင်ခံပြီး​ ​ကျောင်း​သား​တွေကို အတွင်း​ထဲအဝင်မခံဘူး​။ ဒါ​တွေကိုလည်း​ ဦး​တည်သွား​မယ်။ သွား​လာရ ခက်ခဲတာ​တွေကို ​တောင်း​ဆိုသွား​မယ်။ ပြီး​တော့​ ဂျီတီစီ (နည်း​ပညာတက္ကသိုလ်) ​ပေါ့​၊​ အဲဒီအနီး​အနား​မှာ ​ကေတီဗွီ​တွေ ဖွင့်​ထား​တာ အဲဒါ​တွေကို ပိတ်​ပေး​စေချင်တယ်။ ဘာလို့​လည်း​ဆို​တော့​ မြို့​သစ်ဆိုတာ လူမရှိဘူး​၊​ ​ကျောင်း​သား​တွေပဲရှိတယ်။ ဒီ​နေရာမှာလာဖွင့်​တော့​ ​ကျောင်း​သား​တွေရဲ့​ အညွန့်​ကိုချိုး​သလို ကျ​နော့်​အ​နေနဲ့​ ယူဆမိလို့​ ဒါ​တွေကိုလည်း​ ပိတ်ပင်​ပေး​ဖို့​ ကျ​နော့်​အ​နေနဲ့​ ​တောင်း​ဆိုသွား​မယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013