Home
မြန်မာသတင်း
ပုသိမ်ကြီးမြို့နယ်တွင် လေပြင်းတိုက်၍ အိမ် ၄၀ ကျော် ပျက်စီး
Aung Aung Naing
·
April 30, 2018
  မန္တ​လေးတိုင်းဒေသကြီး၊ ပုသိမ်​ကြီးမြို့နယ်၊ ​​အောင်​သ​ပြေ​ကျေးရွာမှာ ဧပြီ ၂၉ ရက်​ညက ​လေပြင်းတိုက်ခဲ့တဲ့အတွက် အိမ်​​အလုံး​ပေါင်း ၄၀ ​ကျော်​ ပျက်​စီးခဲ့ပါတယ်​။ အောင်သပြေကျေးရွာနေ ​ဒေါ်ကြီးစန်းက “ည​ပိုင်း ၇နာရီ​ကျော်​​ကျော်​​လောက်​မှာ မထင်​မှတ်​ဘဲ မိုး​ရော​ လေ​ရောကျခဲ့တာ​။ ကျမတို့ ဘာမှကို သိမ်းချိန်​မရလိုက်​ဘူး။ ဆိုလာပြားတွေ ဆိုလည်း လွင့်ကုန်​​တော့ က​လေး​တွေက ​ကြောက်​ပြီး ငိုကြတာ။ ကျမတို့လည်း​ ကြောက်​တာ​ပေါ့။ အိမ်​အမိုး​တွေကလည်းလွင့်ကုန်​၊ မီးကလည်း ဆိုလာသုံးရတာ​ဆို​တော့ မီးက မရှိနဲ့ ကြောက်​လိုက်​တာလွန်​​ရော အိမ်​အလုံး ၂၀​လောက် ​ပျက်​စီးပြီး​ စည်​သာဖုန်း​ကျောင်းတိုက်​ အတွင်းက ​လေကမာန်​​အောင်​​စေတီ​တော် ​ထီး​တော်​လည်း ကျိုးကြခဲ့သလို ဆိတ်​တစ်​​ကောင် ​​သေသွားရတယ်​”လို့ ​ပြောပါတယ်​။ လေဘေးကြောင့် အပျက်အစီးတွေကို အမှတ်​ ၅ လျှပ်​စစ်နဲ့ စက်​မှုအင်ဂျင်နီယာတပ်​ရင်းမှ ဗိုလ်​ကြီးနိုင်​ထွန်း​အေးဦးစီးပြီး အင်​အား ၃၀ ​ကျော်​နဲ့ အတူ​ဒေသခံ​ကျေးရွာသူ​ကျေးရွာသားများနဲ့ ဝိုင်းဝန်းကူညီရှင်းလင်း​ပေးခဲ့ကြပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024