Sunday, May 28, 2023
HomeLead Storyတောင်-မြောက် ကိုရီးယားခေါင်းဆောင် ၂ ဦး၏ ကတိကဝတ် ပုပ်ရဟန်းမင်းကြီး ကြိုဆို

တောင်-မြောက် ကိုရီးယားခေါင်းဆောင် ၂ ဦး၏ ကတိကဝတ် ပုပ်ရဟန်းမင်းကြီး ကြိုဆို

တောင်-မြောက် ကိုရီးယားခေါင်းဆောင်နှစ်ဦးရဲ့ ရဲရင့်လှတဲ့ ကတိကဝတ်ကို ပုပ်ရဟန်းမင်းကြီးက ကြိုဆိုလိုက်ပါတယ်။

ဧပြီ ၂၉ ရက်နေ့က စိန့်ပီတာရင်ပြင်မှာ ပြောကြားတဲ့ အပတ်စဉ်မိန့်ခွန်းမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က “ဧပြီလ ၂၇ ရက်နေ့က ပြုလုပ်တဲ့ ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ အပြုသဘောဆောင်တဲ့ ရလဒ်နဲ့ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး နှစ်ဖက်ဆွေးနွေးဖို့ ကြိုးပမ်းတဲ့ ခေါင်းဆောင်နှစ်ဦးရဲ့ ရဲရင့်လှတဲ့ ကတိကဝတ်ကို ကြိုဆိုပါတယ်။ အနာဂတ် ငြိမ်းချမ်းရေးရရှိပြီး ညီအစ်ကိုဆက်ဆံရေး ခိုင်မာစေကြောင်း၊ ကိုရီးယားပြည်သူတွေနဲ့ တကမ္ဘာလုံးအတွက် ကောင်းမွန်တဲ့ အသီးအပွင့်တွေ ဖြစ်ထွန်းဖို့ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ဖြစ်ထွန်းပါစေကြောင်း ဘုရားသခင်ထံမှာ ဆုတောင်းပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular