Home
မြန်မာသတင်း
ကိုကာကိုလာ မြန်မာပြည်ကို ပြန်လာမည်
DVB
·
June 15, 2012
အမေရိကန်ရဲ့ ထိပ်တန်း အချိုရည်ကုမ္ပဏီဖြစ်တဲ့ ကိုကာကိုလာဟာ မြန်မာပြည်မှာ လာရောက် ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ စီစဉ်နေတဲ့အကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘာ့အကြီးဆုံးအမေရိကန် အချိုရည်ကုမ္ပဏီကြီးက သူတို့ အစိုးရဆီကနေ လုပ်ကိုင်ခွင့် လိုင်စင်ရတယ်ဆိုရင်ပဲ မြန်မာပြည်မှာ စီးပွားရေးသွားလုပ်မယ်လို့ပြောပါတယ်။ စစချင်းမှာတော့ ကိုကာ ကိုလာ ထုတ်ကုန်တွေကို မြန်မာပြည်နဲ့ အိမ်နီးချင်းတွေကနေ သွင်းပြီး လုပ်ငန်းတွေ စတင် လည်ပတ်သွားမယ်လို့ ကုမ္ပဏီကဆိုပါတယ်။ ကိုကာကိုလာဟာ ၁၉၂၇ ခုနှစ်က မြန်မာပြည်ကို အရင်ဆုံးရောက်ခဲ့ဖူးပြီး ပြီးခဲ့တဲ့လက အမေရိကန်အစိုးရက အမေရိကန် ကုမ္ပဏီတွေကို မြန်မာပြည်မှာ စီးပွားရေးလုပ်ခွင့် ပြန်ဖွင့်ပေးလိုက်ပြီးနောက် နှစ်ပေါင်း ၆၀ အကြာမှာ တကျော့ပြန် လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖြစ်လာတာပါ။ မြန်မာပြည်မှာ အခုလို စီးပွားရေးလုပ်ကိုင်ဖို့ စီစဉ်နေတဲ့အချိန်မှာပဲ ကိုကာကိုလာက မြန်မာပြည်မှာ အမျိုးသမီးတွေ အလုပ်အကိုင်ဖန်တီးပေးဖို့အတွက် အမေရိကန်ဒေါ်လာ ၃ သန်း လှူဒါန်းမယ်လို့ ဆိုပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စီးပွားရေးနဲ့ ကျန်းမာရေး ကိစ္စတွေမှာ ကူညီဆောင်ရွက်တဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့ဖြစ်တဲ့ PACT အဖွဲ့နဲ့ ပူးပေါင်းပြီး မြန်မာပြည်က ဖွံ့ဖြိုးရေး ကိစ္စတွေကို ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ လတ်တလာ ကမ္ဘာမှာ ကိုကာကိုလာမရှိတဲ့ နိုင်ငံတွေဟာ မြန်မာ၊ ကျူးဘားနဲ့ မြောက်ကိုရီယားတို့ပဲ ရှိပါတယ်။ မြန်မာပြည်တွင်း အချိုရည်ဈေးကွက်ကို ပြည်တွင်း ကုမ္ပဏီတွေက လွှမ်းမိုးထားတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024