လှိုင်သာယာတွင် လူသေအလောင်းတလောင်းတွေ့ရှိ
DVB
·
April 30, 2018
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ၁၅ ရပ်ကွက်၊ စံပါယ်လမ်းရှိ ရေမြောင်းထဲမှာ လူတစ်ဦးရေနစ်သေဆုံးနေတာကို ရပ်ကွက်နေသူတွေက ဧပြီ ၃၀ရက် မနက်အစောပိုင်းက တွေ့ရှိခဲ့ပါတယ်။
ဘယ်အချိန်ကတည်းက ဘာကြောင့်ဘယ်လို သေဆုံးသွားခဲ့ရတယ် ဆိုတာကိုတော့ အတိအကျ မသိရသေးသလို လူသေဆုံးမှုနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဆီက မှတ်ချက်တစုံတရာမရရှိသေးပါဘူး။
သေဆုံးသူဟာ အရက်သောက်တတ်လေ့ရှိသူဖြစ်ပြီး သေဆုံးတာ ၃ ရက်လောက်ရှိပြီဖြစ် နိုင်တယ်လို့ ရပ်ကွက်နေသူတွေကတော့ ခန့်မှန်းပြောပါတယ်။
သတင်း၊ ဓာတ်ပုံ - ရန်နိုင်ဇော်ဝင်း