မကွေးတိုင်းတွင် အင်္ဂလိပ်စာ အရေးအဖတ်သင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ သရက်ကန်ကျေးရွာမှာ နွေရာသီ အင်္ဂလိပ်စာ အရေးအဖတ် တလသင်တန်းကို သတ္တမတန်းကနေ တက္ကသိုလ်ကျောင်းသားတွေအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီး ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ သင်တန်းကို ဧပြီလ ၂၇ ရက်နေ မေလ ၂၇ ရက်နေ့အထိဖွင့် လှစ်သင်ကြားပေးနေပြီ ကျောင်းသားကျောင်းသူ ၁၅၀ တက်ရောက် သင်ကြားနေတယ်လို့ သိရပါတယ်။ အခုသင်တန်းဟာ ပေါက်မြို့နယ်မှာ ပထမဆုံးအကြိမ် စတင်ဖွင့်လှစ် သင်ကြားပေးတာဖြစ်ပြီး ကလေးတွေအတွက် အများကြီး အကျိုးကျေးဇူးရတဲ့အတွက် နောက်နှစ်နွေရာသီမှာ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ၊ ပညာရေးမှူးနဲ့ ပူးပေါင်းပြီး ပေါက်မြို့နယ်အတွင်းမှာရှိတဲ့ အထက ကျောင်းအားလုံးမှာ ဖွင့်လှစ်သင်ကြားနိုင်အောင် ကြိုးစားသွားမယ်လို့ ပေါက်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ဒေါ်မြင့်စန်းက ဒီဗွီဘီ ကိုပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up