Live
Home
မြန်မာသတင်း
ရမ်းဗြဲမြို့တွင် ၀ါယာရှော့ခ်ကြောင့် နေအိမ်တလုံး မီးလောင်
DVB
·
April 29, 2018
  ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ အမှတ် ၂ ရပ်ကွက်၊ ဘန်တောင်ကျောင်းအနီးမှာဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်က နေအိမ်တလုံး ဝါယာရှော့ဖြစ်လို့ မီးလောင်းကျွမ်းမှုတွေဖြစ်ပွားခဲ့တယ်လို့ ရမ်းဗြဲ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးကပြောပါတယ်။ ရမ်းဗြဲပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက “မီးလောင်းတဲ့နေရာမှာ ကျနော်လည်းရှိနေတော့ ချက်ချင်းကို မြို့နယ်အုပ်ချုပ်ရေးကို ဖုန်းဆက်တယ်။ ပြီးတော့ မီးသတ်ကို အကြာင်းကြားတယ်။ မီးသတ်ကား ကတော့အိမ်ရှေ့က မီးငြိမ်းတယ်။ မြို့က ဒေသခံတွေကတော့ နောက်ဖေးလမ်းကြားကနေ့ မီးသတ်ကြတယ်။ အဲဒီမှာမီးငြိမ်းသွားတယ်။ နို့မို့ဆိုမလွယ်ဘူး။ မီးက အရမ်းပြင်းတာ” လို့ ပြောပါတယ်။ ရမ်းဗြဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းကတော့ မီးလောင်ကျွမ်းမှုနဲ့ပတ်သက်လို့ ဆက်လက်အရေးနိုင်ဖို့ လောလောစုံးစမ်းမှုတွေလုပ်နေတယ်လို့ ဒီဗွီဘီကိုပြောပါတယ်။ “ဝါယာရှော့ဖြစ်လို့ မီးလောင်ကျွမ်းတာပါ။ မီးကငြိမ်းသွားပါပြီး၊ အဲဒီမှာတော့ အသက်ကြီးကြီးအဖွားအိုတဦး နေတယ်လို့ သိထားတယ်။ ထိခိုက်ဒဏ်ရာရတာကတော့ တဦးမှမရှိပါဘူး။ အရေးယူမယ့်အပိုင်းကိုတော့ လုပ်ဆောင်နေကြပါတယ်” လို့ ပြောပါတယ်။ သတင်း ဝဏ္ဏခွာညို - ရိုက်ကူး- ဦးသန်းမောင်ဦး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024